Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်း ၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် အင်ဒိုနီးရှားသို့ထွက်ခွာ

၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်း အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းသည် ယနေ့ ဇွန်လ ၂၉ ရက် တွင် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၈ ဦးနှင့် ကစားသမား ၂၃ ဦး၊ စုစုပေါင်း ၃၁ ဦးပါဝင်ကြောင်း သိရသည်။

အာဆီယံယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ မြန်မာအသင်းအနေဖြင့် မလေးရှား၊တီမော၊ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်းအသင်းတို့ ပါဝင်သည့် အုပ်စု(ခ)တွင် ပါဝင်ယှဉ်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.