Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသားဘောလုံးအသင်းကို ဇွန်လနောက်ဆုံးပတ်တွင် စခန်းသွင်းလေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိ

မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) 

အသက် ၁၉ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသားဘောလုံးအသင်းကို ဇွန်လနောက်ဆုံးပတ်တွင် စခန်းသွင်းလေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း ကဆင်ဟွာကို ဇွန် ၁၉ ရက်တွင်ပြောသည်။ 

“မြန်မာ ယူ-၁၉ အသင်းက အင်ဒိုနီးရှား နိုင်ငံမှာကျင်းပမယ့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ   ဝင်ပြိုင်ဖို့ရှိတယ်။ ဒါပေမဲ့ COVID-19 ရောဂါအခြေအနေကို စောင့်ကြည့်နေ တယ်။ မြန်မာ ယူ-၁၉ အသင်းကို အမြန်ဆုံးစခန်းသွင်း လေ့ကျင့်ဖို့ စီစဉ်နေတယ်။” ဟု ဦးကိုကို သိန်းက ပြောသည်။

ယခုနှစ် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူဆောင် ရွက်နေပြီး အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲတွင်လည်း ဂျူနီယာလိုင်းယွန်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်   သြစတြေးလျအသင်းက ဗိုလ်စွဲခဲ့ပြီးမြန်မာအသင်းက စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရသည်။ အဆိုပါ ပြိုင်ပွဲသမိုင်းတွင် မြန်မာအသင်းသည် ချန်ပီယံဆု နှစ်ကြိမ်နှင့် ဒုတိယဆုနှစ်ကြိမ် ရရှိထား ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။  (Xinhua)             

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.