Connect with us

Sport

အာဆီယံ ချန်ပီယံရှစ် တိုက်ကွမ်ဒိုပြိုင်ပွဲ တွင် မြန်မာတိုက်ကွမ်ဒိုအဖွဲ့မှ ရွှေနှစ်ခု၊ ငွေခြောက်ခု၊ ကြေးငါးခု ဆွတ်ခူး ရရှိ

ဆုရရှိခဲ့သူများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည့် အာဆီယံ ချန်ပီယံရှစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် လူငယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာတိုက်ကွမ်ဒိုအဖွဲ့မှ ရွှေနှစ်ခု၊ ငွေခြောက်ခု၊ ကြေးငါးခု ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအား မတ်၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၏ Featherweight ပြိုင်ပွဲတွင် ဇော်ဇော်က ငွေတံဆိပ်ဆု၊ Bantamweight ပြိုင်ပွဲတွင် အောင်ကျော်ကျော်က ကြေးတံဆိပ်၊ Flyweight ပြိုင်ပွဲတွင် ဒေစီဦး ဂျူးလိယက်က ငွေတံဆိပ်နှင့် ဇော်လင်းထက်က ကြေး တံဆိပ်ကို လည်းကောင်း၊ လူငယ်တိုက်ကွမ်ဒို အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ Heavyweight ပြိုင်ပွဲတွင် သားညီ က ရွှေတံဆိပ်၊ Lightweight ပြိုင်ပွဲတွင် ကောင်းခန့်ဇော် က ရွှေတံဆိပ်နှင့် ဟန်နီစိုးက ကြေးတံဆိပ်၊ Bantamweight ပြိုင်ပွဲတွင် သိင်္ခမိုးသဲက ငွေတံဆိပ်နှင့် စုရည်နိုင်က ကြေးတံဆိပ်၊ Finweight ပြိုင်ပွဲတွင် စစ်ဟိန်းနှင့် ခိုင်ဇာဇာသိမ့် တို့က ငွေတံဆိပ်၊ Flyweight ပြိုင်ပွဲတွင် မြတ်မင်းဟန်က ကြေးတံဆိပ်ဆုများကိုလည်းကောင်း၊ လူငယ် တိုက်ကွမ်ဒို အသက် ၁၅ နှစ်မှ ၁၇နှစ်အထိ Bantamweight ပြိုင်ပွဲတွင် ဟန်ကိုကိုထွန်းက ငွေတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.