Connect with us

Sport

အာရှဖလား ခြေစစ်ပွဲ အုပ်စု (က)၏ ပထမဆုံးပွဲစဉ်တွင် မြန်မာအသင်းအရေးနိမ့်

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

အာရှဖလား ခြေစစ်ပွဲ အုပ်စု (က)၏ ပထမဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် အိန္ဒိယ အသင်းတို့သည် ယနေ့မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အိန္ဒိယ အသင်းကတစ်ဂိုးဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့သည်။

အိန္ဒိယအသင်း၏ တစ်လုံးတည်းသောအနိုင်ဂိုးအား တန်ပြန်တိုက်စစ်မှတစ်ဆင့်မိနစ် ၉၀ တွင်အိန္ဒိယအသင်းခေါင်းဆောင်ကသွင်းယူသွားခဲ့သည်။

တိုက်စစ်မှူးးကျော်ကိုကိုထိုးဖောက်ဂိုးသွင်းရန်ကြိုးစားနေစဉ် (ဆင်ဟွာ)

နှစ်ဖက်ကစားသမားများဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မြန်မာ အသင်းသည် နှစ် ၅၀ ကျော် ဝေးကွာနေသည့် အာရှတိုက်၏အဆင့် အမြင့်ဆုံး ၂၀၁၉ အာရှဖလား ပြိုင်ပွဲအား တက်ရောက် ယှဉ်ပြိုင်နိုင်ရန် ပထမဆုံး ခြေလှမ်းအဖြစ် အိန္ဒိယလက်ရွေးစင်အသင်းနှင့်တတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင် ကစားခြင်း ဖြစ်သည်။မြန်မာ့ လက်ရွေးစင် အသင်းသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အိန္ဒိယအသင်း အပါအဝင် ၊ ကာဂျစ္စတန်၊ မကာအို အသင်းများနှင့် အိမ်ကွင်း အဝေးကွင်းပွဲစဉ်များဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုရှစ်စုရှိရာတွင် အုပ်စုပထမ ရှစ်သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယ လေးသင်း၊စုစုပေါင်း ၁၂ သင်းကခြေစစ်ပွဲနောက်တစ်ဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117