Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း၏ အပြီးသတ်လူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း၏ အပြီးသတ် လူစာရင်း အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လိုက်သည်။

စုစုပေါင်း ကစားသမား (၂၀) ဦးကို အပြီးသတ်ရွေးချယ်လိုက်ပြီး ဗီယက်နမ်နိုင်ငံ၊ နာထရန်မြို့တွင် ဧပြီလ (၁၁) ရက်မှ စတင်ကျင်းပမည့် ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကစားသမား (၂၀) ဦးအနက် ပဏာမမြန်မာယူ-၁၈ အသင်းအဖြစ် ကာလရှည် စခန်းသွင်းလေ့ကျင့်နေသော Phoenix A အသင်းမှ ကစားသမား (၁၁) ဦး၊ Phoenix B အသင်းမှ ကစားသမား (၆) ဦး ပါဝင်လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.