Connect with us

Sport

အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်မည်

အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌဖြစ်သူ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာသည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်တွင် ရောက်ရှိမည် ဖြစ်ကာ ယင်းနေ့၌ပင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ MFF ၏ ရှေ့လာမည့် ကာလများတွင် ဆောင်ရွက်ရန် စီစဉ်ထားမှုများနှင့် MFF နှင့် AFC တို့အကြား လက်တွဲကာ ဆောင်ရွက်ရန် ရှိသည့် ကိစ္စရပ်များ၊ AFC မှ ကူညီနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။နိုဝင်ဘာ ၁၅ တွင် AFC ဥက္ကဌနှင့် အဖွဲ့သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆောင်ရွက်ထားသည့် ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်များ ဖြစ်သည့် Grassroots Festival နှင့် FIFA 11 for Healthအစီအစဉ်များကို လေ့လာမှုများ ပြုလုပ်မည် ဖြစ်ကာ နိုဝင်ဘာ ၁၆ တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.