Connect with us

Sport

အာရှ ယူ၁၉ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၇ ခြေစစ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

အာရှ ယူ၁၉ အမျိုးသမီးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၁၇ခုနှစ် အာရှ အသက် ၁၉နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အကြိုခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်များကို လာမည့် ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၄ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာလ ၂ရက်နေ့မှ ၆ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလက သတ်မှတ်ထား သော်လည်း ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံမကျင်းပနိုင်တော့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြေစစ်ပွဲ အုပ်စု (ဂ)တွင် မြန်မာအသင်းနှင့် အတူ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ္စတန် အစရှိသည့် အသင်းများ ပါဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.