Connect with us

Sport

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိ

၂၀၁၅ ခုနှစ်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အသင်းအား တွေ့ ရစဉ်(ဓာတ်ပုံ- MFF)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံခဲ့ရာတွင် စတုတ္ထဆုသာ ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ယင်းပြိုင်ပွဲ၌ ချန်ပီယံတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ စတုတ္ထ လေးကြိမ် ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသည် ယခင်နှစ် များက နှစ်စဉ်ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို အသွင်ပြောင်းလဲ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ ပြိုင်ပွဲကျင်းပရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် အခြား ပြိုင်ပွဲများဖြစ်သည့် ဖိတ်ခေါ် ဖူဆယ်ကလပ် ချန်ပီယံရှစ်ကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ ယူ၁၅ အမျိုးသမီး ချန်ပီယံရှစ်ကို လာအိုတွင် လည်းကောင်း၊ အမျိုးသား ယူ၁၅ ချန်ပီယံရှစ်ကို စင်ကာပူ (သို့) ထိုင်း တွင်လည်းကောင်း၊ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ကို ဗီယက်နမ်နိုင်ငံတွင် လည်းကောင်း ကျင်းပသွားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.