Connect with us

Sport

၂၀၁၇ တိုင်းဒေသကြီး နှင့် ပြည်နယ် ဘိလိယက် နှင့် စနူကာ အားကစား ပြိုင်ပွဲသို့အသင်း ၁၅ သင်း ၊ အားကစားသမား ၁၃၉ ဦး ဝင်ရောက် ယှဉ်ပြိုင်

ဘိလိယက် နှင့် စနူကာ အားကစား ပြိုင်ပွဲတွင် အားကစားသမားများ ယှဉ်ပြိုင်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ မေ ၉ ရက်(ဆင်ဟွာ)

၂၀၁၇ တိုင်းဒေသကြီး နှင့် ပြည်နယ် ဘိလိယက် နှင့် စနူကာ အားကစား ပြိုင်ပွဲအား ယနေ့မေ ၉ ရက်မှ ၁၆ ရက်ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ၊ ဘိလိယက် နှင့် စနူကာ ပြိုင်ပွဲရုံ၌ ကျင်းပသွားမည် ဖြစ်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်မှ အမျိုးသား ၁၅ သင်း ဝင်ရောက် ယှဉ်ပြိုင်ကာ စုစုပေါင်း အားကစား သမား ၁၃၉ ဦး ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ တိုင်းဒေသကြီး နှင့် ပြည်နယ် ဘိလိယက် နှင့် စနူကာ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မေ ၉ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိပြီး အနာဂတ်တွင် ထူးချွန် ထက်မြက်သော မျိုးဆက်သစ် အားကစား သမားများ နှင့် နိုင်ငံတကာ အဆင့်မီ လက်ရွေးစင် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဘိလိယက် နှင့် စနူကာ အားကစားနည်းသည် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများတွင် သာမက အာရှ အဆင့် ၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ အထိပါ ဆုတံဆိပ်များကို ရယူပေးနိုင်သည့် အားကစားနည်း တစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.