Connect with us

Sport

မြန်မာအမျိုးသမီးအသင်း မေလ ၁၀ ရက်နေ့တွင် ထိုင်းအသင်း နှင့်ယှဉ်ပြိုင်ကစားမည်

မြန်မာအသင်းဂိုးသွင်းပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

လာအိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် အုပ်စု အဖွင့်ပွဲစဉ်၌ အိမ်ရှင် လာအို အသင်းကို မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီးအသင်းက နှစ်ဂိုးတစ်ဂိုး နှင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းဟာဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်း နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပြီး ထိုပွဲစဉ်ကို မေလ ၁၀ရက်နေ့မြန်မာစံတော်ချိန်ညနေ လေးနာရီအချိန်မှာယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် လာအိုအသင်း နှင့် ယှဉ်ပြိုင်စဉ် ပွဲအစ နှစ်မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို မြတ်နိုးခင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ပွဲချိန် ၁၀ မိနစ်မှာဇင်မာထွေးက တစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ မြန်မာအသင်းက နှစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ အိမ်ရှင်လာအို အသင်းက ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးတွင် မြန်မာအသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.