Connect with us

Sport

လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ ၏ အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်

အာဆီယံ အမျိုးသမီး ယူ-၁၅ အမျိုးသမီးပြိုင်ပွဲအချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အသင်း၊ ယူ-၁၅ အမျိုးသမီး အသင်းသည် လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ယူ-၁၅ အမျိုးသမီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ယခုအခါ အပြီးသတ် ကစားသမား (၂၃)ဦး စာရင်းအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီးအသင်းတွင် ဂိုးသမားများ အဖြစ် စိမ်းလဲ့လဲ့ဦး အား/ကာသိပ္ပံ (မန္တလေး)၊ သော်သော်နိုင် (အ.ထ.က (၁) လမ်းမတော်)၊ ထက်အိန္ဒြာလင်း အား/ကာသိပ္ပံ (မန္တလေး)၊ နောက်တန်းကစား သမားများ အဖြစ် မေသက်မွန်မြင့် (အ.ထ.က.(၁) လမ်းမတော်)၊ အိအိအောင် (အ.ထ.က.(၁) လမ်းမတော်)၊ ဇွန်သဲဦး (အား/ကာ သိပ္ပံ တောင်ကြီး)၊ ရွှေရည်ဝတ်မှုံ (အား/ကာသိပ္ပံ ရန်ကုန်)၊ ဖူးဖူးဇင်ဇော် (အား/ကာ သိပ္ပံ မန္တလေး)၊လင်းမြင့်မိုရ် (အား/ကာ သိပ္ပံ တောင်ကြီး)၊ သီရိကျော် (အ.ထ.က (၁) လမ်းမတော်)၊ အလယ်တန်းကစားသမားများ အဖြစ် ဇင်မာထွေး အ.ထ.က(၁) လမ်း မတော်၊ ရတနာဦး (အား/ကာ သိပ္ပံ မန္တလေး)၊ ကေကေ (အား/ကာ သိပ္ပံ ရန်ကုန်)၊ မေသူခိုင် (အား/ကာ သိပ္ပံ ရန်ကုန်)၊ ပုံ့ပုံ့ပြည်မောင် (အ.ထ.က (၁) လမ်းမတော်)၊ မျိုးမျိုးေ၀ (အ.ထ.က (၁) လမ်းမတော်)၊ ဘွဲလျမ်ကိမ်း (အား/ကာ သိပ္ပံ မန္တလေး)၊ သီရိကျော် အ.ထ.က (၁) လမ်းမတော်)၊ ရှေ့တန်း ကစားသမားများ အဖြစ် မြတ်နိုးခင် (အ.ထ.က(၁)လမ်းမတော်)၊ စန်းစန်းလင်း (အား/ကာ သိပ္ပံ မန္တလေး)၊ ကြည်ရတနာသိန်း

(အား/ကာသိပ္ပံ မန္တလေး)၊ ဆုပြည့်ပြည့်ကျော် (အား/ကာ သိပ္ပံ မန္တလေး)၊ ဆောင်းနှင်းဖွေ (အား/ကာ သိပ္ပံ တောင်ကြီး)တို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။

မြန်မာယူ-၁၅ အမျိုးသမီး အသင်း၏ အုပ်ချုပ်သူအဖြစ် ဒေါ်သင်းသင်းလင်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)၊ နည်းစနစ် အကြံပေးအဖြစ် ဦးအေးမောင်ကြီး (မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်)၊ နည်းပြချုပ်အဖြစ် ဒေါ်နုနုခိုင်ဝင်း (ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန)၊ ဒေါ်မာလာဝင်း (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန)၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်း (ပြည်ထဲရေး ဝန်ကြီးဌာန)၊ အကြောကျွမ်းကျင် အဖြစ် ဒေါ်အေးကျော့စံ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာယူ-၁၅ အမျိုးသမီး လက်ရွေးစင် အသင်းသည် အာဆီယံ အမျိုးသမီး ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု(က)တွင် ကျရောက်နေပြီး အိမ်ရှင်လာအို အသင်း၊ ထိုင်းအသင်း ၊ ဗီယက်နမ် အသင်း၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.