Sport
၂၀၂၀ အာဆီယံ ယူ – ၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ယခုနှစ်အတွင် ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ – ၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ – ၁၉ အမျိုးသမီးပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က တစ်ကြိမ်သာကျင်းပခဲ့ဖူးပြီး ခြောက်နှစ်အကြာမှ တစ်ကျော့ပြန် ကျင်းပခြင်းဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာရှပြိုင်ပွဲနှင့်ချိတ်ဆက် ကျင်းပမည်ဖြစ်သောကြောင့် ယူ-၁၈ နှင့် ယူ-၁၉ တစ်နှစ်ခြားစီ ပြောင်းလဲကျင်းပမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် ယူ-၁၈ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ အာဆီယံယူ-၁၈ အမျိုးသမီးပြိုင်ပွဲကို စက်တင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ မည်ဖြစ်ပြီး ကျင်းပမည့်ကာလနှင့် နေရာကို ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကိုသာ ဆက်လက်တာဝန်ပေး ထားပြီး ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၉ အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။ (Xinhua)