Sport
၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၇ နေရာ ရရှိ

ရန်ကုန် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ)
၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေ ၊ ငွေ နှင့် ကြေး စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၇ နေရာ ရရှိခဲ့ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ရွှေ ၇ ခု ၊ ငွေ ၁၀ ခု နှင့် ကြေး ၂၀ ခု စုစုပေါင်း ဆုတံဆိပ် ၃၇ ခု ရရှိခဲ့သည်။
ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့မှ ပိုက်ကျော်ခြင်း ၊ ခြင်းလုံး ၊ ဝူရှူး ၊ မြှားပစ် ၊ ဘိလိယက် နှင့် စနူကာ ၊ သေနတ်ပစ် ၊ တိုက်ကွမ်ဒို စသည့် အားကစားနည်းများမှ ရွှေ ၊ ငွေ နှင့် ကြေး ဆုတံဆိပ်များ ရရှိခဲ့သည်။
ပြိုင်ပွဲများ အပြီးတွင် အိမ်ရှင် မလေးရှား နိုင်ငံသည် ရွှေတံဆိပ် ၁၄၅ ခု ဖြင့် အဆင့် ၁ နေရာ ရရှိခဲ့ပြီး ထိုင်းနိုင်ငံသည် ရွှေတံဆိပ် ၇၂ ခုဖြင့် အဆင့် ၂ နေရာတွင် လည်းကောင်း ၊ ဗီယက်နမ် နိုင်ငံသည် ရွှေတံဆိပ် ၅၈ ခုဖြင့် အဆင့် ၃ နေရာတွင် လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။(Xinhua)