Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်အား ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကာဂျစ္စတန် လက်ရွေးစင် အသင်းနှင့် လာမည့် စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်ည(၈း၃၀)နာရီ ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်းတွင် အာရှဖလား ခြေစစ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာအသင်းသည် အဆိုပါ ပွဲစဉ်ယှဉ်ပြိုင် ကစားရန် သြဂုတ်လ ၃၁ ရက်နေ့ နံနက်(၆း၀၀)နာရီ တွင် ရန်ကုန်မြို့မှ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ည(၁၀း၀၀)နာရီ ဝန်းကျင်တွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ယမန်နေ့ ညနေ (၃း၃၀)နာရီမှ စတင်၍ နံနက်တစ်ကြိမ်၊

ညနေတစ်ကြိမ် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကာဂျစ္စတန်နှင့် မြန်မာ ပွဲစဉ်ကို မြန်မာပြည်အတွင်းရှိ ရုပ်သံများမှ ပြသရေး အတွက်

ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး မကြာမီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.