Connect with us

Sport

အာရှဖလားခြေစစ်ပွဲ ကာဂျစ်စတန်အသင်းနှင့်ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အာရှဖလားခြေစစ်ပွဲ ကာဂျစ်စတန်အသင်းနှင့်ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လိုက်သည်။

(၂၀၁၉) ခုနှစ် အာရှဖလားခြေစစ်ပွဲအဖြစ် ကာဂျစ်စတန်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ်လ (၃၁) ရက် နံနက် (၅း၅၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာဂျစ်စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်၊ ဘန်ကောက်မှ အယ်မာတီ၊ ထိုမှတစ်ဆင့် ကာဂျစ်စတန်နိုင်ငံ၏ မြို့တော် ဘစ်ရှ်ကတ်သို့ အဆင့်ဆင့် သွားရောက်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ်စတန်အသင်းနှင့် စက်တင်ဘာလ (၅) ရက်နေ့ ဒေသစံတော်ချိန် ည(၈း၀၀) အချိန်၊ မြန်မာစံတော်ချိန် ည (၈း၃၀) အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းတွင် မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းမှ ကစားသမား (၇) ဦး ပြန်လည် ပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းကို အသင်းအုပ်ချုပ်သူအဖြစ် ဦးသန်းတိုးအောင်က တာဝန်ယူပြီး နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ် လူစာရင်း မှာသီဟစည်သူ (ရှမ်းယူနိုက်တက်)၊ကျော်ဇင်ထက် (ရန်ကုန်ယူနိုက်တက်)၊ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ဟိန်းသီဟဇော် (ရှမ်းယူနိုက်တက်)၊

သိန်းသန်းဝင်း (ရတနာပုံ)၊ဇော်မင်းထွန်း (ရန်ကုန်ယူနိုက်တက်)၊သီဟထက်အောင် (ချင်းယူနိုက်တက်)၊

ဝင်းမင်းထွဋ် (ရှမ်းယူနိုက်တက်)၊ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်)၊ကျော်ဇင်လွင် (မကွေး)၊တင်ဝင်းအောင် (ရှမ်းယူနိုက်တက်)၊ရန်အောင်ကျော်(ရန်ကုန်ယူနိုက်တက်)၊လှိုင်းဘိုဘို (ရတနာပုံ)၊ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)၊

သက်နိုင် (ရတနာပုံ)၊ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊မင်းမင်းသူ (ဧရာဝတီယူနိုက်တက်)၊ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်)၊ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊အောင်သူ (ရတနာပုံ)၊သန်းပိုင် (ရန်ကုန်ယူနိုက်တက်) တို့အားရွေးချယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.