Sport
စင်ကာပူတွင် ကျင်းပမည့် ၂၈ကြိမ်မြောက် ဆီးဂိမ်း အတွက် မြန်မာ မြှားပစ်အသင်း ပြင်ဆင်

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
မြန်မာ မြှားပစ်အသင်းသည် စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အားကစား အသိုင်းအဝိုင်း က ပြောသည်။
မြှားပစ်သမား ၁၉ ဦးအဖွဲ့သည် ကိုရီးယားနည်းပြနှင့် လေ့ကျင့်မှု ပြုလုပ်နေပြီး အဆိုပါ မြှားပစ်သမားများကို ကိုရီးယား ဆီးဂိမ်းအတွက် လည်း လေ့ကျင့်ပေး မည်ဖြစ်သည်။
တောင်ကိုရီးယားမြှားပစ်သမား ၆ ဦးအဖွဲ့နှင့် မြန်မာမြှားပစ်အဖွဲ့တို့သည် တနင်္လာနေ့မှ စတင်၍ နေပြည်တော်တွင် ပူးတွဲ လေ့ကျင့်လျက် ရှိသည်။
၂၀၁၅ ဇန်နဝါရီတွင် စင်ကာပူနိုင်ငံ၌ (၂၈)ကြိမ်မြောက် ဆီးဂိမ်းကို ကျင်းပမည်ဖြစ်သည်။ (Xinhua)
