Sport
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရုံးချုပ်သစ် ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့််အဖွဲ့ တက်ရောက်
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရုံးချုပ်သစ် ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့််အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
အာရှဘောလုံးအဖွဲ့ချုပ် AFC ရုံးချုပ်သစ်ဖွင့်ပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်သစ်တွင် ဒေသစံတော်ချိန် ယနေ့မနက် (၁၀း၀၀)နာရီက ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို၊ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆာလ်မန်နှင့် AFC တာဝန်ရှိသူများ၊ အာရှဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)