Connect with us

Sport

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော်တွင် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအပါအဝင် ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၁၄ဝဝ ကျော်တို့ ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲအတွက်Theme Song များကို အကောင်းဆုံးပြင်ဆင်ဖန်တီးထား ပြီးဖြစ်၍ ပရိသတ်များ မကြာမီခံစားနားဆင်နိုင်တော့ မည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ ပိုမိုကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် မြန်မာပြည်အနှံ့မြို့ကြီး များသို့ လှည့်လည်၍ ဖျော်ဖြေပွဲများပြုလုပ်ကာ လက်ဆင့်ကမ်း ကြေညာပေးသွားမည်ဖြစ်ကြောင်း တေးရေး၊ တေးဆို အဆိုတော် မိုးမိုးက ပြောသည်။

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲအတွက် လာဘ်ကောင်ရုပ်(Mascot)အဖြစ် ဧရာဝတီလင်းပိုင်ရုပ်ကို သတ်မှတ်သွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ ရိုက်ကူး ထုတ်လွှင့်ရေးနှင့် စပ်လျဉ်း၍ Big 9 TV က တာဝန်ယူပြီး အခြားသောမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.