Connect with us

Sport

KBZ Bank Cup 2017 ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ ဘောလုံးအသင်း၏ ပဏာမ ကစားသမား စာရင်းထုတ်ပြန်

မြန်မာ ယူ၂၂ အသင်း၏ ပဏာမ ကစားသမား စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှ အားကစားပွဲအကြို KBZ Bank Cup 2017 ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ ဘောလုံးအသင်း၏ ပဏာမ ကစားသမား ၂၈ ဦးစာရင်းကို နည်းပြအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ စာရင်းတွင် လက်ရွေးစင် အသင်းကြီးမှ ကစားသမား ၉ ဦးပါဝင်ပြီး ယင်းကစားသမားများ အနေဖြင့် မကာအိုနှင့် အာရှဖလား ခြေစစ်ပွဲအပြီးတွင် ယူ၂၂ အသင်းနှင့် ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာ ယူ၂၂ အသင်းအား နည်းပြချုပ် အဖြစ် မစ္စတာ ဂတ်ဆီဇီကပင် KBZ BANK CUP 2017 ပြိုင်ပွဲ၊ အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပွဲအကြို ပြိုင်ပွဲတို့ကို ဆက်လက် တာဝန်ယူူသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ၂၂ အသင်းသည် ဇွန်လ ၂၈ ရက်နေ့တွင် ကမ္ဘောဒီးယား ယူ၂၂၊ ဇွန်လ ၃၀ ရက်နေ့တွင် ဟောင်ကောင် ယူ၂၂၊ ဇူလိုင်လ ၂ ရက်နေ့တွင် ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့နှင့် KBZ BANK CUP 2017 ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲတွင် မြန်မာအသင်း ပွဲစဉ်များမှာ ညနေ(၆း၀၀)နာရီ ကျင်းပသွားမည် ဖြစ်ပြီး ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှင့် အထူးတန်း ၃၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.