Connect with us

Sport

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် မှကမ္ဘာ့အဆင့် သတ်မှတ်ချက်ထုတ်ပြန်ရာတွင် မြန်မာ့ လက်ရွေးစင်အသင်း အဆင့် သုံးဆင့် မြင့်တက်

မြန်မာ့လက်ရွေးစင် အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဇွန်လ အတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းသည် အဆင့်သုံးဆင့် မြင့်တက်ကာ ရမှတ် ၁၃၂ မှတ်ဖြင့် ကမ္ဘာ့ အဆင့် (၁၆၃)၊ အာရှအဆင့် (၃၂) တွင် ရပ်တည်ကာ အာဆီယံဒေသတွင်း အဆင့် (၆) နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံဒေသတွင်း အသင်း အများစုမှာ အဆင့်မြင့်တက်ခဲ့ပြီး ဖိလစ်ပိုင် အသင်းက အဆင့်တစ်ဆင့်၊ ထိုင်းက အဆင့် နှစ်ဆင့်၊ ဗီယက်နမ်က အဆင့်ငါးဆင့်၊ မလေးရှားနှင့် စင်ကာပူက အဆင့်သုံးဆင့်၊ လာအိုက အဆင့်လေးဆင့်၊ ကမ္ဘောဒီးယား က အဆင့်တစ်ဆင့်၊ အင်ဒိုနီးရှားက အဆင့်နှစ်ဆင့် အသီးသီး မြင့်တက်ခဲ့ပြီး ဘရူနိုင်းက ပြီးခဲ့သည့်လက အတိုင်း ရပ်တည်ခဲ့ကာ အရှေ့တီမော အသင်းက အဆင့်တစ်ဆင့် ကျဆင်းခဲ့သည်။

ထို့ကြောင့် အာဆီယံဒေသတွင်း ရပ်တည်မှုတွင် ဖိလစ်ပိုင်က ဦးဆောင်ထားပြီး အဆင့်(၂) ၌ ထိုင်း၊ အဆင့်(၃)၌ ဗီယက်နမ်၊ အဆင့်(၄) ၌ မလေးရှား၊ အဆင့် (၅) ၌ စင်ကာပူနှင့် အဆင့် (၆) ၌ မြန်မာအသင်းတို့က ထိပ်ပိုင်းတွင် အသီးသီး ရပ်တည်ခဲ့သည်။ ကမ္ဘာ့အဆင့်တွင် ဘရာဇီးအသင်းက ထိပ်ဆုံးမှ ဦးဆောင်ထားပြီး အဆင့် (၂) ၌ အာဂျင်တီးနား၊ အဆင့်(၃) ၌ ဂျာမနီအသင်း တို့က ရပ်တည်နေကာ နာမည်ကြီး စပိန်၊ အင်္ဂလန်နှင့် အီတလီ အသင်းတို့မှာ အဆင့် (၁ဝ) အောက်တွင် ရပ်တည်နေကြောင်း ဖီဖာ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.