Connect with us

Sport

ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ချန်ပီယံလုပွဲ အောင်လအန်ဆန် ထိုးသတ်မည်

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- အောင်လအန်ဆန်Facebook)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အောင်လအန်ဆန်နှင့် ဗစ်တာ လီဘစ်ဒက်ရှ်တို့၏ MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန် ၃ဝ ရက် ည၇နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ရန် ရည်မှန်းထားပြီး ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သောပွဲတွင် ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ရန် စီစဉ်ထားသည့် ပြိုင်ဘက်ကစားသမား နုတ်ထွက်မှုကြောင့် အစားထိုး ယှဉ်ပြိုင်ခဲ့ရာ အဆင်သင့်မဖြစ်သေးသောကြောင့် နိုင်ပွဲနှင့်လွဲချော်ကာ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယင်းပွဲတွင် အောင်လအန်ဆန်သည် သုံးချီမှစ၍ ပြိုင်ဘက်ကစားသမား၏ တစ်ဖက်သတ်ထိုးသတ်မှုများ ခံခဲ့ရသော်လည်း အချီပြည့် သည်အထိ တောင့်ခံသွားခဲ့သည်။ အောင်လအန်ဆန်သည် ယင်းပွဲရှုံးနိမ့်ပြီး နောက်ပိုင်း ကမ္ဘာ့ချန်ပီယံလုပွဲ ပြန်လည်ထိုးသတ်ခွင့်ရ ရန် လေ့ကျင့်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ယခုတစ်ကျော့ပြန်လည် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

MMA (ဘက်စုံကိုယ်ခံပညာသုံး)ပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ကျင်းပမည့် ပြိုင်ပွဲနှစ်ကြိမ်အနက် ပထမအကြိမ် ကျင်းပမည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဗစ်တာလီ ဘစ်ဒက်ရှ်တို့၏ တွဲဆိုင်းအပြင် မြန်မာကစားသမားများ၏ တွဲဆိုင်းများလည်း ပါဝင် မည်ဖြစ်ကြောင်း၊ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်သည် ပြိုင်ပွဲကိုးပွဲယှဉ်ပြိုင်ခဲ့ကာ ကိုးပွဲစလုံးအနိုင်ရထားပြီး ဘယ်လက်သီး အားသန်သူဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.