Connect with us

Sport

အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် MFF ဖူဆယ်လိဂ် ၂၀၁၆ ပြိုင်ပွဲ ကျင်းပမည်

MFF Futsal League 2015 ပြိုင်ပွဲမှ ပွဲစဉ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် MFF Futsal League 2016 ကို မတ်လ (၁၂) ရက်နေ့တွင် မိုးလုံ လေလုံ အမျိုးသား အားကစား ပြိုင်ပွဲရုံ အမှတ် (၁) တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် MFF Futsal League 2016 ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်မည့် အသင်းသည် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပြီး ပြိုင်ပွဲကို မတ်လ ၁၂ နေ့မှ စတင်ပြီး မေလ ၁၄ ရက် အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

MFF ဖူဆယ်လိဂ် ပြိုင်ပွဲတွင် MIC FC ၊ PU FC ၊ UPT FC ၊ Yangon City FC ၊ VUC FC ၊ YZ FC ၊ Winner FC နှင့် U-19 (MFF) စုစုပေါင်း (၈) သင်းပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး MIC ကလပ် အသင်းမှာ ပြီးခဲ့သည့် နှစ်က ချန်ပီယံ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.