Connect with us

Sport

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌဖလား ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲသို့အနယ်နယ် အရပ်ရပ်မှ အားကစားသမား ၁၂၀၀ ကျော် ပါဝင် ယှဉ်ပြိုင်

မြန်မာ့ ရိုးရာ ခြင်းလုံး ပြိုင်ပွဲဝင် အသင်းများ အလှခတ် ယှဉ်ပြိုင် ကစား နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-အားကစား ၀န်ကြီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌဖလား ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲသို့ တစ်နိုင်ငံလုံးရှိ ပိုက်ကျော်ခြင်း အသင်း (၁၁၃)သင်း ၊ ရိုးရာခြင်းလုံးအသင်း (၄၁)သင်းဖြင့် အနယ်နယ် အရပ်ရပ်မှ အားကစားသမား ၁၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

ပြိုင်ပွဲအား အားကစားဝန်ကြီးဌာန နှင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကြီးမှုး၍ ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို ့၊ ဝေယောစန ၊ ကျောက်စိမ်း စေတီတော်မြတ် အနီးတွင် ကျင်းပပြုလုပ်လျက် ရှိရာ ပြိုင်ပွဲတွင် အမိုျးသားအလွတ်တန်း ပြိုင်ပွဲ ၊ အမိုျးသား လူသစ်တန်း ပြိုင်ပွဲနှင့် အမိုျးသမီးအလွတ်တန်း ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအားကစားနည်းသည် ပြည်တွင်း၌ အောင်မြင်နေရုံသာမက အရှေ ့တောင်အာရှ နှင့် အာရှ နိုင်ငံများတွင်လည်း အောင်မြင်မှု ရရှိနေသည့် အားကစားနည်း ဖြစ်ပြီး မြန်မာ့အားကစားနည်းကို ရွှေတံဆိပ်ဆု ရရှိအောင် အများဆုံး မြှင့်တင်ပေးသည့် ကစားနည်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.