Connect with us

Sport

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းပြီး ဂိုးနည်းပြသင်တန်းဖွင့်လှစ်မည်

အော်ရီဒူး (MFF) ကလပ်တွင် ကစားနေသော အားကစားသမားများကို တွေ့ရစဉ် (ဓာတ်ပုံ-MNL)

ရန်ကုန်၊ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းပြီး FIFA – MA ဂိုးနည်းပြသင်တန်းကို ၂၀၁၆ခုနှစ် မေလ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါသင်တန်းသို့ FIFA မှ သင်တန်းနည်းပြဆရာမှ လာရောက် ပို့ချ သင်ကြားပေးမည်ဖြစ်ပြီး အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများကို ပါဝင် တက်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။

ကျန်းမာရေး ကောင်းမွန်ပြီး စာတွေ့/လက်တွေ့ လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူများ၊ သင်တန်း ကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူများ၊အသင်းဂိုးနည်းပြ တာဝန်ထမ်းဆောင်နေသူများ တက်ရောက်နိုင်ကြောင်း၊ သင်တန်းသား အမည်စာရင်းများကို FIFA သို့ (၂) လကြိုတင် တင်ပြရမည် ဖြစ်သောကြောင့် ပါဝင်တက်ရောက်လိုသူများ အနေဖြင့် ၁၅-၂-၂၀၁၆ ရက်နေ့ နောက်ဆုံးထားပြီး MFF (မြန်မာနိုင်ငံသို့ဘောလုံးအဖွဲ့ချုပ်) သို့ စာရင်းပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.