Connect with us

Sport

ကိုဗစ်ကြောင့် ပြိုင်ပွဲကြီးများ မကျင်းပနိုင်သေးသော်လည်း ရိုးရာလက်ဝှေ့ကစားသမားများ ပုံမှန်လေ့ကျင့်နေ

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကိုဗစ်ကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးတွေ မကျင်းပနိုင်သေးပေမယ့် မျိုးဆက်သစ်တွေကို ထိန်းထားဖို့နဲ့ ပြိုင်ပွဲငယ်တွေအတွက် ပြင်ဆင်လေ့ကျင်မှုတွေကို ရန်ကုန်မြို့ရှိ ရိုးရာလက်ဝှေ့အသင်း အချို့မှာ ပြုလုပ်နေကြပါတယ်။ လက်ရှိမှာတော့ မျိုးဆက်သစ် လက်ဝှေ့ကစားသမားတွေကို ရေရှည်ထိန်းထားနိုင်ဖို့ရိုးရာလက်ဝှေ့အားကစားအတွက် အထောက်အကူဖြစ်အောင် အွန်လိုင်းမီဒီယာက တဆင့် ပရိသတ်တွေ အားပေးနိုင်အောင် စီစဉ်ထားကြောင်း နဂါးမာန် မြန်မာ့ ရိုးရာလက်ဝှေ့အသင်း နည်းပြချုပ် ဦးကျော်စိုးက ဆင်ဟွာကို မေ ၂၄ ရက်က ပြောပါတယ်။
“အခုကိုဗစ်အလွန်ကာလမှာတော့ အွန်လိုင်းမီဒီယာ တစ်ခုနဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်း အတွင်းရှိ ရိုးရာလက်ဝှေ့ အသင်းတွေက ကစားသမားလေးတွေကို ပြိုင်ပွဲ ကျင်းပပေးပြီး ပွဲရရှိအောင် ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားပါတယ်၊ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် မှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းရာမှာလည်း အွန်လိုင်းက ထုတ်လွှင့်မယ့် ပြိုင်ပွဲကျင်းပခွင့်ပြုပေးနိုင်ဖို့ ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်” လို့ ဦးကျော်စိုးက ပြောပါတယ်။

လက်ဝှေ့ကစားသမားကောင်းတွေ ပေါ်ထွက်လေ့ရှိတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဆိုရင်တော့ ရိုးရာလက်ဝှေ့ပွဲတွေကို အစဉ်အလာမပျက် ကျင်းပနိုင်တဲ့အတွက် ရိုးရာလက်ဝှေ့ အခြေအနေ အရမ်းကြီး မဆိုးသွားဘူးလို့ ဦးကျော်စိုးက သုံးသပ်ပြောကြားပါတယ်။

“ကစားသမားတွေအနေနဲ့ကတော့ ပြိုင်ပွဲတွေ မရှိတဲ့အတွက် လေ့ကျင့်မှုသာ ရှိနေခဲ့ပြီး အချိန်ကာလ ကြာလာတာနဲ့အမျှ အသက်အရွယ် ကန့်သက်ချက် စိန်ခေါ်မှုတွေ ရှိလာတယ်လို့” နဂါးမာန် မြန်မာ့ ရိုးရာလက်ဝှေ့အသင်းမှာ လေ့ကျင့်နေတဲ့ လက်ဝှေ့ကစားသမား အကီး(ခ)ဝကြီး က ဆင်ဟွာ ကိုပြောပါတယ်။

ကိုဗစ်ကြောင့် ပြိုင်ပွဲကြီးတွေ မကျင်းပနိုင်သေးပေမယ့် မျိုးဆက်သစ်တွေကို ထိန်းထားနိုင်ဖို့နဲ့ ပြိုင်ပွဲငယ်တွေအတွက် ပြင်ဆင်လေ့ကျင်မှုတွေကိုတော့ ရိုးရာလက်ဝှေ့အသင်းတွေ အနေနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။ကိုဗစ်ရောဂါ မဖြစ်ခင် အချိန်က ရန်ကုန်တိုင်းဒေသကြီးမှာ တစ်လအတွင်း ရိုးရာလက်ဝှေ့ပွဲ အနည်းဆုံး တစ်ပွဲခန့် စီစဉ်ကျင်းပနိုင်ခဲ့ကြောင်းသိရပါတယ်။ ကိုဗစ်ဖြစ်ပွားတဲ့ ကာလမှာ ပြိုင်ပွဲတွေ ရပ်နားခဲ့ရတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကစားသမားတွေ အနေနဲ့ ပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာကြောင့် အလွန်ကို ထိခိုက်နစ်နာမှု ရှိခဲ့ကြတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ အသင်း (၁ဝ)သင်း နီးပါးခန့်ရှိပြီး ရိုးရာလက်ဝှေ့ အားကစားပြန်လည် ဦးမော့လာဖို့ အခက်အခဲတွေ ကြားကနေ ကြိုးစားရုန်ကန်နေကြတယ်လို့ သိရပါတယ်။(Xinhua)

#Myanmar Lethwei, #Myanmar traditional boxing athletes, # Yangon, #China, #Xinhua, #Myanmar #XinhuaMyanmar, #မြန်မာ့ရိုးရာလက်ဝှေ့ #ရန်ကုန် #တရုတ် #ဆင်ဟွာ #မြန်မာ #ဆင်ဟွာမြန်မာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.