Connect with us

Sport

၃၁ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၉ခု ဆွတ်ခူးရရှိပြီး အဆင့်၇ နေရာတွင် ရပ်တည်

မေ ၂၂ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုဂုဏ်ပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၃၁ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)တွင် မြန်မာအားကစားအဖွဲ့သည် ရွှေ တံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ဆွတ်ခူးရရှိခဲ့ပြီး အဆင့် ၇ တွင် ရပ်တည်ခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၂၄ ရက်တွင် ပြောသည်။“ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက် စပြီးကျင်းပပေမယ့် အားကစားနည်းတချို့ကတော့ မေ ၆ ရက်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာနိုင်ငံအဖွဲ့အနေနဲ့ အားကစားနည်း ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်း ၁၆ မျိုး ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။’’ ဦးဌေးအောင်ကပြောသည်။

မေ ၂၂ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုဂုဏ်ပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ– အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်တွင် နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုနှင့် အဆင့်ရပ်တည်မှုပြဇယားအား တွေ့ရစဉ် (ဓာတ်ပုံ– အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ စစ်တုရင် ၊ ဘောလီဘောနှင့် E-sports အားကစားနည်းများ တွင်ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းမရှိကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ဆီးဂိမ်းအားကစားပြိုင်ပွဲ၏ အားကစားပွဲစဉ်များမှာ မေ၂၂ ရက်တွင်ပြီးဆုံးခဲ့ပြီး မေ ၂၃ ရက်တွင် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.