Sport
ဆီးဂိမ်းအကြို လက်ရည်စစ် လက်ဝှေ့ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
လာမည့် ၂၀၂၃ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်း)အတွက် လက်ရွေးစင်ကစားသမား ရွေးချယ်မှုအဖြစ် ဆီးဂိမ်းအကြို လက်ရည်စစ် လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ပွဲစဉ် ၇ ပွဲဖြင့် အားကစားသမား ၁၄ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှ တစ်ဆင့် အားကစားသမားများ၏ စွမ်းရည်ကို ဆုံးဖြတ်ကာ လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)