Connect with us

Sport

လာမည့် ဆီးဂိမ်းတွင် လက်ဝှေ့အားကစားမှ ရွှေတံဆိပ် ၃ ခုရရန် မျှော်မှန်းထား

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

လာမည့် ဆီးဂိမ်းပြိုင်ပွဲ၌ Kick Boxing နှင့် မွေထိုင်း လက်ဝှေ့အားကစားပြိုင်ပွဲများတွင် ကစားသမား ၁၆ ဦးဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီးရွှေတံဆိပ် ၃ ခု ရရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (MTLF) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဆီးဂိမ်းအတွက် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ အကြီးအကဲ ဦးဝဏ္ဏက ဆင်ဟွာသို့ ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဆီးဂိမ်းအတွက် ရွေးချယ်ထားသည့်ကစားသမားများထဲတွင် မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း ၊ (၇၅)ကီလိုဝိတ်တန်းတွင် ပြိုင်ဘက်မရှိသော ယာမန် အပါအဝင် Thai Fight ထိုင်းဘုရင့်ဖလား ဆွတ်ခူးထားခဲ့သည့် ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာ တို့ကိုလည်း ထည့်သွင်းရွေးချယ်သွားမည်ဟု သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.