Connect with us

INTERNATIONAL ORGANIZATION

ကိုရီးယားကျွန်းဆွယ်ပြဿနာဖြေရှင်းရန် သော့ချက်မှာ အမေရိကန်နိုင်ငံ၏ လက်ထဲတွင် ရှိကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား

အမေရိကန်နိုင်ငံ နယူးရောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေး သက်ရောက်မှု” တံခါးဖွင့်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ်ပြဿနာ၏ အချက်အချာမှာ အမေရိကန်နှင့် မြောက်ကိုရီးယား ပဋိပက္ခ ဖြစ်ပြီး ပြဿနာ ဖြေရှင်းရေးသော့ချက်မှာ အမေရိကန်နိုင်ငံ၏ လက်ထဲတွင် ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၄ ရက် လုံခြုံရေးကောင်စီ၏ ကိုရီးယားနျူကလီးယားဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တခြားမှားယွင်းသော လုပ်ပုံလုပ်နည်းများအား စွန့်လွှတ်ရန်၊ ကိုရီးယားကျွန်းဆွယ် အခြေအနေ ပြေလျော့ရေး တွန်းအားပေး၍ တွေ့ဆုံညှိနှိုင်းမှုဖြင့် အကျပ်အတည်းများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အခြေအနေကောင်းများ ဖန်တီးရန် အမေရိကန်အား တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ပြဿနာမှာ နှစ်ပေါင်းများစွာ ကြန့်ကြာလျက်ရှိရာ အဓိကအချက်မှာ အမေရိကန်-မြောက်ကိုရီးယား ပဋိပက္ခဖြစ်ပြီး “ပြဿနာ ဖြေရှင်းရေး သော့ချက်မှာမူ အမေရိကန် လက်ထဲတွင် ရှိကြောင်း” ဖုချုံးက ပြောကြားခဲ့သည်။ လက်တွေ့တွင်မူ အမေရိကန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုများကို ပြေလျော့စေချင်သော ဆန္ဒအမှန်ရှိသလော သို့မဟုတ် ထိုမှတစ်ဆင့် ပိုမို ကြီးမားသည့် ပထဝီနိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်လိုသလောဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာ၏သမိုင်းက မိမိတို့ကို သံသယဖြစ်စေရန် ပြည့်ဝသည့် အကြောင်းပြချက်ပင်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အဖွဲ့လိုက်နိုင်ငံရေးကစားမှု၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ရေး လှုံ့ဆော်မှု၊ ထစ်ခနဲရှိလျှင် စစ်ရေးလေ့ကျင့်မှု၊ အဆက်မပြတ် ခြိမ်းခြောက်ဖိအားပေးမှုဟူသော မှားယွင်းသည့် လုပ်ရပ်များကို စွန့်လွှတ်သင့်ကြောင်း၊ သို့မှသာ ကိုရီးယားကျွန်းဆွယ်အခြေအနေ ပြေလျော့ရေး တွန်းအားပေးနိုင်မည် ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းမှုဖြင့် အကျပ်အတည်းများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အခြေအနေကောင်းများ ဖန်တီးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ကိုရီးယားကျွန်းဆွယ်အခြေအနေ ဆက်တိုက် တင်းမာလာသလို ထိပ်တိုက်အားပြိုင်မှုများ အဆက်မပြတ် ဆိုးရွားလာကြောင်း၊ ယင်းမှာ မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှု မရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်၏ အိမ်နီးချင်းအနေဖြင့် တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးကို မျှော်လင့်ရာ မတည်မငြိမ် လှုပ်ခတ်မှု၊ စစ်မက်ဖြစ်ပွားရှုပ်ထွေးလာမှုများကို မမြင်တွေ့လိုကြောင်း၊ ဘက်ပေါင်းစုံက ကိုရီးယားကျွန်းဆွယ်နှင့် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် ဟူသော အခင်းအကျင်းကြီး၏ ရှုထောင့်မှ ရှေးရှုကာ ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ ပဋိပက္ခများ အရှိန်အဟုန်မြင့်ပြင်းထန်လာမည်ကို ရှောင်ရှားရန် အခြေအနေများ အလျင်မြန်ဆုံး ပြေလျော့အေးချမ်းစေရေး အတူတကွ ကြိုးစားတွန်းအားပေးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖုချုံးက ကိုရီးယားကျွန်းဆွယ်ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းရမည် ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် တရားမျှတ၊ ဓမ္မဓိဋ္ဌာန်ကျသော ရပ်တည်ချက်ကို လက်ကိုင်ထားကာ အဆိုပြုခဲ့သည့် “နည်းလမ်းနှစ်သွယ်ဖြင့် ရှေ့တိုးဆောင်ရွက်ရေး” အတွေးအခေါ်နှင့် “အဆင့်အလိုက် အတူတကွ လျှောက်လှမ်းရေး” အခြေခံမူသည် လက်ရှိတွင် လက်တွေ့ဆောင်ရွက်နိုင်မှု ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝမ်းနည်းနှမြောဖွယ်ကောင်းသည်မှာ တစ်သီးပုဂ္ဂလနိုင်ငံများက စစ်အေးခေတ်အတွေးအခေါ်နှင့် သူသေကိုယ်သေ အားပြိုင်မှုတွင် ယစ်မူးနေပြီး ပထဝီ မဟာဗျူဟာကို အစွမ်းကုန် ဖော်ဆောင်ခြင်း စစ်ရေးမဟာမိတ်များ အားဖြည့်ခြင်း၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများ လှုံ့ဆော်ခြင်း ပြုလျက်ရှိရာ ယင်းမှာ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ယန္တရားကို ပြောင်းလဲဖော်ဆောင်သည့် သမိုင်းတာဝန်နှင့် ဆန့်ကျင်နေသလို ဒေသတွင်း နိုင်ငံများ၏ တည်ငြိမ်ရေး တောင်းဆိုချက်၊ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး ဘုံဆန္ဒနှင့် ဆန့်ကျင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် ကိုရီးယားကျွန်းဆွယ်ပြဿနာတွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး ထိရောက်သောလုပ်ဆောင်ချက်ကျင့်သုံးရန် လွယ်လင့်တကူ ပိတ်ဆို့ဖိအားပေးမှုသာ မဟုတ်ဘဲ အခြေအနေများပြေလျော့ရေး၊ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး တွန်းအားပေးရန် လက်တွေ့ စီမံဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ယူဆကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ဖုချုံးက ငြိမ်းချမ်း၊ တည်ငြိမ်သည့် ကိုရီးယားကျွန်းဆွယ်သည် သက်ဆိုင်ရာ ဘက်ပေါင်းစုံ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ပြန့်သည့် မျှော်လင့်ချက်လည်း ဖြစ်ပါကြောင်း ထပ်မံအလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်၏ အိမ်နီးချင်းနှင့် တာဝန်ယူမှုရှိသည့် နိုင်ငံကြီးအနေဖြင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ အရှေ့မြောက်အာရှ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
中国代表:解决朝鲜半岛问题的钥匙在美国手里
新华社联合国11月4日电 中国常驻联合国代表傅聪4日在安理会朝核问题公开会上表示,朝鲜半岛问题的核心是美朝矛盾,解决问题的钥匙在美国手里。他呼吁美方摒弃威胁施压等错误做法,推动半岛局势缓和,为通过对话和平解决危机创造条件。
傅聪表示,朝鲜半岛问题延宕多年,核心是美朝矛盾,“解决问题的钥匙在美国手里”。事实上,过去多年的历史让我们有充分理由怀疑,美国是否真心想缓和半岛紧张局势,还是想以此为抓手实现其更大的地缘政治目的。美方应摒弃操弄集团政治、挑动阵营对抗、动辄军事演习、不断威胁施压的错误做法。只有这样,才能推动半岛局势缓和,为通过对话和平解决危机创造条件。
傅聪指出,当前半岛局势持续紧张,对立对抗不断加剧,这不符合任何一方利益。作为半岛近邻,中方希望半岛和平稳定,不愿看到半岛陷入动荡甚至生战生乱。中方呼吁所有各方从维护半岛以及全球和平稳定大局出发,保持冷静克制,避免矛盾激化升级,共同努力推动局势尽快缓和降温。
傅聪表示,要从根本上解决半岛问题,中方秉持公正客观立场提出的“双轨并进”思路和“分阶段、同步走”原则,目前看仍是现实可行的。遗憾的是,个别国家执迷于冷战思维和零和博弈,大肆推行地缘战略,强化军事同盟,挑动阵营对抗,这同半岛实现停和机制转换的历史任务背道而驰,同地区国家求稳定、谋合作、促发展的共同愿望背道而驰。
中方始终认为,安理会应在半岛问题上发挥建设性作用,应采取切实举措推动缓和局势、增进互信,而不是简单地制裁施压。
傅聪重申,一个和平稳定的朝鲜半岛,符合有关各方共同利益,也是国际社会普遍期待。中国作为半岛近邻和负责任大国,将继续为维护半岛和平稳定、东北亚地区实现长治久安发挥建设性作用。(完)
1. 10月21日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会“科学发展对国际和平与安全的影响”公开会上发言。新华社记者 谢锷 摄