News
တရုတ်နိုင်ငံတောင်ပိုင်းရှိကျွန်းတွင် ပင်လယ်ပြင်ကာကွယ်ရေးအတွက် အစိမ်းရောင် ငါးမွေးမြူရေးလုပ်ငန်း စူးစမ်းဖော်ထုတ်နေ
ဟိုင်ခို၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၊ ဝန်ချန်းမြို့ရှိ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သော Zeng Guangneng သည် ဘဝနေထိုင်မှုဆိုင်ရာ အဓိကစိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ ၎င်း၏အဘိုးဖြစ်သူမှာလည်း ပင်လယ်ငါးဖမ်းတံငါသည်တစ်ဦးဖြစ်ပြီး ၎င်း၏ဖခင်မှာလည်း ပင်လယ်ကမ်းစပ်တွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကာ ယခုအခါ ၎င်းအနေဖြင့် အဆောက်အအုံအတွင်းရှိ ငါးကန်များ၌ ရွှေ့ပြောင်းလုပ်ကိုင်နေသည်။
ဝန်ချန်းမြို့ရှိ Fengjiawan Modern Fishery စက်မှုဥယျာဉ်၏ နှစ်ထပ်အဆောက်အအုံ ငါးမွေးမြူရေး သရုပ်ပြအဆောက်အအုံသစ်တွင် Zeng သည် ငါးမွေးမြူရေးကန်များရှိ ငါးသန်ငါးပေါက်များ ကြီးထွားမှုကို ဂရုတစိုက်စစ်ဆေးနေခဲ့သည်။
ယင်းစက်မှုဥယျာဉ်တွင် ငါးမွေးမြူရေးလုပ်ကိုင်သူများ ပထမအုပ်စုတွင် တစ်ဦးအပါအဝင်ဖြစ်သော Zeng သည် ယမန်နှစ် မေလက ပြောင်းရွှေ့လာခဲ့ပြီး ခေတ်မီငါးမွေးမြူရေးနည်းလမ်းမှ အကျိုးကျေးဇူးရရှိလျက်ရှိသည်။
အဆိုပါ အဆောက်အအုံတွင် ငါးမွေးမြူရေးကန်နေရာ တိုးမြှင့်ရန် အထပ်များစွာပါဝင်သော ငါးမွေးမြူရေးပုံစံများကို ခွင့်ပြုခဲ့သည်။ ပထမသုံးနှစ်တာ စမ်းသပ်ကာလအတွင်း စက်မှုဥယျာဉ်အနေဖြင့် ငါးမွေးမြူသူများထံမှ ငှားရမ်းခနှင့် ရေပေးဝေရေးအတွက် ကုန်ကျစရိတ် အခကြေးငွေကောက်ခံခြင်းမပြုထားပေ။
ယခုနှစ် ဧပြီလမှ မေလအထိ Zeng သည် နောက်ဆုံး ငါးသန်ငါးပေါက် ၂၅၀,၀၀၀ ကျော် ရောင်းချရသည့် ဝင်ငွေစုစုပေါင်းမှာ ယွမ် ၁.၅ သန်း (အမေရိကန်ဒေါ်လာ ၂၂၅,၀၀၀ ခန့်) ရှိကြောင်း သိရသည်။
“ပုံမှန်ရှေးရိုးအတိုင်း ဖန်လုံအိမ်ပုံစံ၊ အပူချိန်နဲ့ အလင်းရောင်တို့နဲ့ နှိုင်းယှဉ်ရင် ဒီမှာက ထိန်းချုပ်နိုင်တယ်။ ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရတာလည်း ပိုပြီးလွယ်တယ်။ ဒါက နည်းပညာမြင့် ငါးအမျိုးမျိုးမွေးမြူရေးကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု Zeng က ပြောခဲ့သည်။
Fengjiawan Bay သည် တရုတ်နိုင်ငံတွင် ၁၉၈၀ ပြည့်လွန်နှစ်များက ပုစွန်မွေးမြူရေးအတွက် ကျော်ကြားသော အခြေစိုက်နေရာတစ်ခုဖြစ်သည်။ သို့ရာတွင် ကာလရှည်၊ ကြီးမားသော ငါးမွေးမြူရေးလုပ်ငန်းတွင် ရေစွန့်ထုတ်မှုကို မထိန်းချုပ်နိုင်ခြင်းကြောင့် ကမ်းခြေတွင် ညစ်ညမ်းမှုဖြစ်ပေါ်လာခဲ့သည်။
၂၀၁၆ ခုနှစ်တွင် Fengjiawan Bay ကမ်းရိုးတန်းတစ်လျှောက် ငါးမွေးမြူရေးလုပ်ကိုင်သူ အိမ်ခြေ ၁,၀၀၀ နီးပါး နေထိုင်ကြပြီး များပြားလှသောပိုက်လိုင်းများနှင့် ပျံ့နှံ့နေသော ငါးကန်များသည် ကောင်းကင်မှကြည့်ပါက အကွက်အကွင်းများသဖွယ်မြင်တွေ့နေရသည်။
ယမန်နှစ်က ဒေသန္တရအစိုးရက Fengjiawan Bay ရှိ ငါးမွေးမြူရေးလုပ်ကိုင်သူ အိမ်ထောင်စု ၁၉၅ စုအား ပတ်ဝန်းကျင်ထိန်းသိမ်းရန် ပြန်လည်နေရာချထားခဲ့သည်။ ယင်းနေရာတွင် အဆိုပါအိမ်ထောင်စုများ၏ နေရာတွင် လမုပင်များ စိုက်ပျိုးခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင်မူ ဒေသခံအစိုးရသည် Fengjiawan Bay ဧရိယာတွင် ခေတ်မီငါးမွေးမြူရေးလုပ်ငန်း စက်မှုဥယျာဉ် တည်ဆောက်ရန် စတင်ခဲ့ပြီး အထပ်များစွာပါဝင်သော မွေးမြူရေးပုံစံကို စူးစမ်းလေ့လာခဲ့ကြောင်း နှင့် ငါးဖမ်းလုပ်ငန်းအား အစိမ်းရောင်အသွင်ပြောင်းလဲမှုကို မြှင့်တင်ခဲ့သည်။
ညစ်ညမ်းမှုကို အဖြေရှာရန် စက်မှုဥယျာဉ်အနေဖြင့် ငါးမွေးမြူရေးလုပ်ငန်း စွန့်ပစ်ရေကို အတူတကွ စုဆောင်းကာ ခေတ်နည်းပညာဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သောစံချိန်စံနှုန်းသို့ ရောက်ရှိပြီးနောက် ပြုပြင်ထားသော စွန့်ပစ်ရေများကို စွန့်ထုတ်လျက်ရှိကြောင်း၊ ဆိုလိုသည်မှာ ယင်းရေများသည် ပင်လယ်ရေကို ညစ်ညမ်းစေခြင်းမရှိတော့ကြောင်း စက်မှုဥယျာဉ် တာဝန်ရှိသူတစ်ဦးဖြစ်သော Liu Wenlong က ပြောကြားခဲ့သည်။
ထို့ပြင် Zeng အပါအဝင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၈ စုသည် ဟက်တာ ၄၆၇ နီးပါးရှိသော စက်မှုဥယျာဉ်အတွင်းသို့ ပြောင်းရွှေ့ခဲ့လာခဲ့ကြသည်။
“ကျွန်တော့်မိသားစုက မျိုးဆက်တွေများစွာ ဒီမှာနေထိုင်ကြတာပါ။ ကျွန်တော်တို့ ငါးမွေးမြူရေးကို ကောင်းကောင်းမွန်မွန်လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်အတွင်း ငါးမွေးမြူရေးလုပ်ကိုင်သူ အရေအတွက်တော်တော်လေးများလာခဲ့တယ်။ ရေနဲ့ ရေနုတ်မြောင်း လိုအပ်ချက်ကြောင့် ရေအရည်အသွေးကလည်း အားနည်းလာခဲ့တယ်” ဟု Zeng က ပြောခဲ့သည်။ အစိုးရကလည်း ယင်းပြဿနာကိုဖြေရှင်းရန် ဥယျာဉ်အတွင်း ရေသွင်းခြင်းနှင့် ရေနုတ်မြောင်းစနစ်ကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။
Zeng ၏ အဆိုအရ ၎င်းတို့သည် ပင်လယ်ကမ်းခြေဘက်မှ ပလပ်စတစ်ဖန်လုံအိမ်များကို ငါးမွေးမြူရန် အသုံးပြုခဲ့ကြောင်းနှင့် ၎င်းတို့ ရရှိထားသည်များကို တိုင်ဖွန်းမုန်တိုင်းက ဖျက်ဆီးနိုင်ကြောင်း ပြောကြားခဲ့သည်။ “ဒီကအခြေအနေတွေကတော့ ကောင်းပါတယ်။ ပြီးတော့ တိုင်ဖွန်းမုန်တိုင်းကလည်း အဆောက်အဦတွေပေါ်ကို အနည်းငယ်ပဲ သက်ရောက်မှုရှိတာလေ” ဟု Zeng က ဆိုပြီး ထိုအချက်က ဆုံးရှုံးနစ်နာနိုင်ခြေအန္တရာယ်များကို လျှော့ချပေးပြီး ဝင်ငွေတိုးပွားရေးကိုလည်း အထောက်အကူပြုကြောင်း မှတ်ချက်ပြုခဲ့သည်။
စက်မှုဥယျာဉ်တွင် မွေးမြူရေးလုပ်ငန်း ၁၄ ခုနှင့် သုတေသနအဖွဲ့အစည်း ၂ ခုရှိကြောင်း သိရသည်။
Fengjiawan Bay နှင့် ဥယျာဉ်အသစ်ရှိ ပတ်ဝန်းကျင်ကာကွယ်ရေး စံနှုန်းမြင့် အဆောက်အအုံများတွင် ရေအရည်အသွေးကောင်းမွန်မှုကို အလေးပေးလျက် Bohai Aquatic Breeding (ဟိုင်နန်) ကုမ္ပဏီလီမိတက်က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၁၅၀ ဖြင့် ဟက်တာ ၆.၄ ရှိသော ငါးမွေးမြူရေးအခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်ထားသည်။
“မွေးမြူရေးပတ်ဝန်းကျင်နဲ့ အခြေအနေတွေက ဥယျာဉ်အတွင်းမှာ ထိန်းချုပ်လာနိုင်နေပါပြီ။ ပုစွန်သားပေါက် အသက်ရှင်နှုန်းနဲ့ အရည်အသွေးကလည်း သမားရိုးကျမွေးမြူရေးပုံစံနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးတက်လာတယ်” ဟု Bohai Aquatic Breeding (ဟိုင်နန်) ကုမ္ပဏီလီမိတက် စီမံခန့်ခွဲမှုညွှန်ကြားရေးမှူး Hu Zhongjie က ဆိုသည်။
နှစ်ဉ် ပုစွန်ထွက်နှုန်းမှာ အစုံ ၂၀၀,၀၀၀ အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းခြေ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးမှာ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ယွမ် ၂၂၈ သန်း ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
အဆိုပါ စက်မှုဥယျာဉ်သည် တဖြည်းဖြည်းချင်း နည်းပညာမြင့် စက်မှုဥယျာဉ်တစ်ခု ဖြစ်လာမည်ဖြစ်ကာ ဟိုင်နန်ပြည်နယ်၏ ငါးဖမ်းလုပ်ငန်း အသွင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို မောင်းနှင်ပေးမည်ဖြစ်ကြောင်း ဥယျာဉ် တာဝန်ရှိသူ Liu က ဆိုသည်။ (Xinhua)
………………………………………………………
(English Version)
South China island explores green fishery for sea protection
Source: XinhuaEditor: huaxia2022-06-09 11:02:15
HAIKOU, June 9 (Xinhua) — Zeng Guangneng, a fish farmer in Wenchang, a city in south China’s island province of Hainan, has experienced several major life changes. His grandfather was a sea fisherman, his father bred fish on the shore, and now he moved fish ponds into a building.
In a new, two-story breeding demonstration building of Fengjiawan Modern Fishery Industrial Park in Wenchang, Zeng carefully checked the growth of fish fry in the aquaculture ponds.
As one of the first groups of fish farmers in the park, Zeng moved in there in May last year and has benefited from the modern way of breeding aquatics.
The building adopts multi-story breeding modes to increase the space for ponds. During the first three-year trial period, the park also exempted these fish farmers from fees, including rent and water supply costs.
From April to May this year, Zeng sold over 250,000 high-end fish fry with a total income of about 1.5 million yuan (about 225,000 U.S. dollars).
“Compared with the traditional greenhouse breeding mode, temperature and light are controlled here. It is also easier to monitor diseases. It is conducive to cultivating high-end fry varieties,” said Zeng.
Fengjiawan Bay used to be a famous base for shrimp seedlings in China in the late 1980s. However, a long-term, extensive fish culture that involved uncontrolled tailwater discharge had caused pollution on the beach.
In 2016, nearly 1,000 households of aquaculture farmers lived along the Fengjiawan Bay coastline, and the dense pipelines and widespread fish ponds looked like scars when seen from the sky.
Last year, the local government relocated 195 households of fish farmers at Fengjiawan Bay to restore the environment. Instead, they planted mangroves there.
In 2020, the local government began to build the modern fishery industrial park at Fengjiawan Bay area, explored the multi-layer breeding model, and promoted the green transformation of the fishery industry.
Liu Wenlong, a park official, said to solve pollution, the park collects the aquaculture tailwater together and treats it with modern technology, and then discharges the treated tailwater after it reaches the required standard, which means it will not pollute the seawater.
So far, eight farmer households, including Zeng’s, have moved into the park, which covers nearly 467 hectares.
“My family has lived here for generations. We used to do well in aquaculture, but over the past five or six years, farm numbers have greatly increased. The water quality has become poor due to the need for water and drainage. So it’s challenging to succeed,” said Zeng, adding that the government has centralized water taking and drainage in the park to solve the problem.
According to Zeng, they used to breed fish in plastic greenhouses by the seaside, and a typhoon could wipe out everything they had earned. “The conditions here are good, and a typhoon will have little impact on the building,” said Zeng, noting it has mitigated the risks and helped increase the output.
The park has also attracted 14 breeding enterprises and two research institutions.
Favoring the excellent water quality in Fengjiawan Bay and the high-standard environmental protection facilities in the new park, Bohai Aquatic Breeding (Hainan) Co., Ltd. plans to build an aquatic breeding base covering 6.4 hectares with a total investment of 150 million yuan.
“The breeding environment and conditions became controllable in the park. Shrimp seedling survival rates and quality have significantly improved compared to the traditional breeding mode,” said Hu Zhongjie, administrative director of Bohai Aquatic Breeding (Hainan) Co., Ltd.
Hu added that the annual output of shrimps would reach 200,000 pairs, with an estimated annual output value of 228 million yuan on completion of the whole project.
The park will gradually become a national high-tech industrial park, driving the transformation and upgrading of Hainan’s fishery, said Liu, the park official. ■
Photo 1 : Aerial photo taken on June 1, 2022 shows a view of Fengjiawan Modern Fishery Industrial Park under construction in Wenchang, south China’s Hainan Province.(Xinhua/Guo Cheng)
Photo 2 : Zeng Guangneng, a fish farmer, feeds fish fry in a breeding demonstration building of Fengjiawan Modern Fishery Industrial Park in Wenchang, south China’s Hainan Province, June 1, 2022.(Xinhua/Guo Cheng)
Photo 3 : Photo taken on May 31, 2022 shows a breeding area for shrimp seedlings in Fengjiawan Modern Fishery Industrial Park in Wenchang, south China’s Hainan Province.(Xinhua/Guo Cheng)