Connect with us

News

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသိပ္ပံဘာသာတွဲ (ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ) အောင်မြင်ထားသူများကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားနိုင်

ရန်ကုန်ဆေးတက္ကသိုလ်(၂)အားတွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်ဆေးတက္ကသိုလ်-၂)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိတက္ကသိုလ်များအချင်းချင်းပြောင်းရွှေ့လျှောက်ထားလိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများအနေဖြင့် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်း၊ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၁ ရက်တွင် အတည်ပြုပြောကြားသည်။

ဒေါက်တာသန်းနိုင်စိုးက“ကျွန်တော်တို့ထုတ်ပြန်ချက်မှာ Form လည်း ပါတယ်။အဲဒီမှာဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်တွေပါတယ်။ အဓိက ကတော့ ၂၀၂၀ပြည့်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူဖြစ်ရမယ်။ သိပ္ပံဘာသာတွဲမှာ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) နဲ့ အောင်မြင်တဲ့သူဖြစ်ရမယ်ဆိုပြီးလည်းပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့တက္ကသိုလ်တွေမှာ ကျောင်းဝင်ခွင့်ရထားပြီး အခုချိန်အထိကျောင်းလာအပ်ခြင်းမရှိတဲ့ကျောင်းသူ၊ ကျောင်းသားတွေကိုလည်းရက်တိုးပေးတဲ့သဘောပါတယ်။ ဒါပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်ကျောင်းလာအပ်ဖို့ နှောင့်နှေးနေတဲ့သူတွေရှိတယ်။ ထိုင်ခုံနေရာတွေ လွတ်နေတော့ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်များအချင်းချင်းကလည်းရွှေ့ပြောင်းပြီးလျှောက်လို့ရတယ်။ နောက်တခြားဝန်ကြီးဌာနအောက်မှာရှိတဲ့တက္ကသိုလ်တွေက ကျောင်းသား၊ကျောင်းသူတွေဆိုရင်လည်း ဝင်ခွင့်အရည်အချင်းနဲ့ကိုက်ညီရင်လည်း ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့တက္ကသိုလ်တွေကို ပြောင်းရွှေ့လျှောက်ထားလို့ရတယ်။ အဲဒီထဲကအမှတ်အများဆုံးရရှိသူတွေကို အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပြုမှာ ဖြစ်တယ်’’ ဟု ပြောသည်။

၂၀၂၀ပြည့်နှစ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားပြီး ဆေးတက္ကသိုလ်တက်ရောက်ရန် ဝါသနာပါသည့် ကျောင်းသား၊ကျောင်းသူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများအား၂၀၂၂ခုနှစ် ဇွန် ၂၂ ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါက်တာ သန်းနိုင်စိုးက “အဓိကထိုင်ခုံနေရာလွတ်နေတာတွေရှိတယ်။ နိုင်ငံတော်မှာလည်း ဆရာဝန်လိုအပ်ချက် ရှိတယ်။တချို့ဆိုဝါသနာပါတယ်။ တစ်မှတ်၊ နှစ်မှတ်နဲ့ အမှတ်လိုပြီး ဆေးကျောင်းမတက်ရတဲ့သူတွေလည်းရှိတယ်။ အဲဒီလိုကျောင်းသား၊ ကျောင်းသူတွေအတွက် တကယ့်ကို အခွင့်အလမ်းအများကြီးရှိသွားမှာပါ’’ ဟုဖြည့်စွက်ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.