Connect with us

News

တရုတ်နှင့် အလယ်အာရှ နီးကပ်သောဆက်ဆံရေးတည်ဆောက်ရန် သမိုင်းဝင်ထိပ်သီးအစည်းအဝေးအတွက် အသင့်ဖြစ်နေ

ကာဂျစ်စတန်နိုင်ငံရှိ မြောက်-တောင် အဝေးပြေးလမ်းမ ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းခွင်နေရာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- China Road & Bridge Corporation/Handout via Xinhua)

ရှီးအန်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများအနေဖြင့် ကံကြမ္မာအကျိုးတူ နီးကပ်သောအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်နှင့် တည်ငြိမ်မှုမရှိသော ကမ္ဘာကြီးတွင် စည်းလုံးမှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကား ပေးပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် မေ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အဆိုပါ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ယင်းထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် အလယ်အာရှ နိုင်ငံများမှ ခေါင်းဆောင်များအကြား ပထမဆုံး လူကိုယ်တိုင်တက်ရောက်သည့် ထိပ်သီးအစည်းအဝေးဖြစ်ကြောင်း သိရသည်။ အစည်းအဝေး၌ တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်မှုအတွက် စီမံကိန်းအသစ်များ ရေးဆွဲနိုင်မည်ဟု မျှော်မှန်းထားသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ ရှီးအန်းနိုင်ငံတကာဆိပ်ကမ်းသို့ ဆိုက်ရောက်လာသော တရုတ်-ဥရောပ ကုန်တင်ရထားကို ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ထိပ်သီးအစည်းအဝေးက တရုတ်နိုင်ငံနှင့် အလယ်အာရှဒေသနိုင်ငံများကြား အဆင့်မြင့်ချိတ်ဆက်ဆောင်ရွက်မှုများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုများ၌ နောက်ဆုံး အထင်ကရလည်းဖြစ်သည်။ (Xinhua)

………………………………

China, Central Asia ready for milestone summit to build closer ties
XI’AN, May 16 (Xinhua) — As a milestone summit is about to open, China and five Central Asian countries are set to build a closer community with a shared future and send messages of solidarity, peace and development in a volatile world.
Chinese President Xi Jinping will chair the China-Central Asia Summit, the first in-person summit among heads of state of China and Central Asian countries, scheduled for May 18 and 19 in Xi’an, northwest China’s Shaanxi Province. The leaders are expected to draw up new blueprints for China-Central Asia cooperation.
The summit is seen as the latest landmark in the vibrant high-level interactions, economic cooperation and people-to-people exchanges between China and Central Asian countries.
Photo 1: This aerial photo taken on Oct. 27, 2020 shows the construction site of the second phase of the north-south highway in Kyrgyzstan. (China Road & Bridge Corporation/Handout via Xinhua)
Photo 2: A China-Europe freight train loaded with raw materials of liquorice, a Chinese medicinal herb, which departed from Turkmenistan, arrives at Xi’an international port in Xi’an, northwest China’s Shaanxi Province, Aug. 31, 2022. (Xinhua/Liu Xiao)