Connect with us

News

ဆူဒန်ရှိ ဖိလစ်ပိုင်နိုင်ငံသားများ အီဂျစ်နယ်စပ်သို့ ကုန်းလမ်းမှတစ်ဆင့် ထွက်ခွာမည်

ဆူဒန်နိုင်ငံ ခါတွမ်မြို့တွင် မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားနေသည့်ကြားမှ ဖိလစ်ပိုင်နိုင်ငံသား ၅၀ ခန့်ကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အီဂျစ်နိုင်ငံနှင့် ဆက်စပ်နေသော မြောက်ပိုင်းနယ်စပ်ဒေသသို့သွားရန် ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှ ထွက်ခွာလာခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးရာဌာန (DFA) ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၅ ရက်၌ ပြောကြားခဲ့သည်။“မနေ့က မနီလာစံတော်ချိန် ည ၈ နာရီအထိ ပထမအသုတ် (ဖိလစ်ပိုင်နိုင်ငံသား ၅၀ ဦးခန့်) က ကုန်းလမ်းကနေ ခါတွမ်မြို့က ထွက်လာပါပြီ” ဟု ပြောရေးဆိုခွင့်ရှိသူ Teresita Daza က ဆိုသည်။

အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားများကို နယ်စပ်မှတစ်ဆင့် Aswan မြို့၊ ထိုမှတစ်ဆင့် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုသို့ ပို့ဆောင်သွားမည်ဟု Daza က ပြောခဲ့သည်။

ကိုင်ရိုမြို့ရှိ ဖိလစ်ပိုင်နိုင်ငံသံရုံးအနေဖြင့် ၎င်းတို့နိုင်ငံသားများအတွက် နေထိုင်ရန်နှင့် လေယာဉ်လက်မှတ်များ ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု ဖိလစ်ပိုင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Eduardo de Vega က ဧပြီ ၂၅ ရက်တွင် ပြုလုပ်သော ရေဒီယိုအင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် နောက်ဆုံးရေတွက်မှုအရ ဖိလစ်ပိုင်နိုင်ငံသား ၇၀၀ ခန့်ရှိကြောင်း၊ သို့ရာတွင် ဖိလစ်နိုင်ငံသား ၃၀၀ ခန့်ကသာ ဆူဒန်မှ ထွက်ခွာရန်ရည်ရွယ်ထားကြောင်း De Vega က ဆိုသည်။ (Xinhua)

#Sudan #Philippine #Clash #Leave #Land #ဆူဒန် #ဖိလစ်ပိုင် #ထွက်ခွာ #ပဋိပက္ခ #ကုန်းလမ်း
………………………………
50 Filipinos leave Sudan by land for Egypt’s border
MANILA, April 25 (Xinhua) — A bus carrying around 50 Filipinos caught in the clashes in Sudan has left the Sudanese capital Khartoum for the northern border with Egypt, a spokeswoman for the Philippines’ Department of Foreign Affairs (DFA) said on Tuesday.
“As of 8 p.m. Manila time yesterday, the first batch (of around 50 Filipinos) left Khartoum by land,” spokeswoman Teresita Daza said.
From the border, Daza said the Filipinos will be taken to Aswan City and then to the Egyptian capital Cairo.
Philippine Foreign Undersecretary Eduardo de Vega told a radio interview on Tuesday that the Philippine Embassy in Cairo will provide accommodation and plane tickets to the Filipinos.
De Vega said there are about 700 Filipinos in Sudan as of the last count. However, he said only around 300 Filipinos have signified their intention to leave Sudan.
Photo: Photo taken on April 15, 2023 shows black smoke rising in Khartoum, Sudan. (Xinhua/Mohamed Khidir)