ရှန်ဟိုင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ဒစ်စနေးအပန်းဖြေဥယျာဉ်အား မြို့တော်ဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များအား ထပ်မံအကောင်အထည်ဖော်ရန် လူဝင်ရောက်မှုလျှော့ချခြင်းဖြင့် ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း မတ် ၁၁ ရက်က ကြေညာခဲ့သည်။
တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွက် လိုအပ်သောရေနံများကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ် နှင့် ရောင်းချရန် အသင့်ရှိကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) အကြီးအကဲက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒသည် “ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်များ၏ ရေစီးကြောင်းက ပြောင်းပြန်စီးဆင်းမှာ မဟုတ်သကဲ့သို့” ပြောင်းလဲမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှုရှိနိုင်ကြောင်း ရုရှား သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် G7 တို့က ထိုနေ့တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံဆောင်ရွက်သွားမည်ဟု...
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ အတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။
နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရင်ချွမ်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) အသက် ၄၆ နှစ်အရွယ် ဟဲဝန်ဟွာက ၎င်း၏ ဘီးတပ်ကုလားထိုင်ကို ချိန်ညှိလိုက်ပြီး စမတ်ဖုန်းကို ထရိုင်ပေါ့ (tripod) ပေါ်၌ နေရာချလိုက်ပြီးနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျုံးမြို့ရှိ ၎င်း၏ဇာတိ ဟုန်ယာကျေးရွာမှ ဒေသခံလက်မှုပစ္စည်းများကို...
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram အသုံးပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှ စေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။