ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း...
ဂျေရုဆလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Aviv Kohavi သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်၏ ပဉ္စမမြောက် ရေတပ်ဌာနချုပ်သို့ မတ် ၁၀ ရက် က သွားရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။
ဘစ်ရှ်ကတ်ရှ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က မတ် ၁၀ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင် သတင်းထုတ်ပြန်ရေးဗျူရိုက မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ Batken ပြည်နယ်...
ရန်ကုန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) ယခုနှစ်ပိုင်းများတွင် ကာဗွန်လျော့နည်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်များ ကျယ်ပြန့်လာခြင်းနှင့်အတူ အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင်လည်း စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှုများ အစပျိုးလာပြီဖြစ်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မတ်လဒုတိယပတ်၌ မတ်လ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ယနေ့ မတ် ၁၁ ရက်တွင်...
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁.၈ ဧက အား ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ရဟူတူ၊ လှိမ်ရောမ်းအား အမျိုးသားဥယျာဉ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် စတင်သတ်မှတ်လိုက်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အား တိုးမြှင့်လာမှုက ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အင်အားကို တိုးမြှင့်လာစေတယ်” ဟု ပြောကြားလျက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာခြင်းမှာ ကျိုးကြောင်းဆီလျော်ပြီး စစ်မှန်မှုနှင့် ပွင့်လင်းမြင်သာမှုရှိကြောင်း တရုတ်နိုင်ငံအမျိုးသား ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၊ စစ်ရေးသိပ္ပံအကယ်ဒမီ ဒုဥက္ကဋ္ဌ He...
ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား သိမ်းယူခွင့်ပြုသော ဥပဒေတစ်ရပ်ကို ယူကရိန်း သမ္မတ Volodymyr Zelensky က လက်မှတ်ရေးထိုးလိုက်ကြောင်း ယူကရိန်းလွှတ်တော်က မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) လက်ရှိ ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ချာနိုဘိုင်း (Chernobyl) နျူကလီးယားစွမ်းအင်စက်ရုံသည် ဓာတ်အားလိုင်းမှ ချိတ်ဆက်မှုပြတ်တောက်လျက်ရှိကြောင်း ယူကရိန်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Ukrenergo က မတ် ၉ ရက်၌ ပြောကြားခဲ့သည်။