ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံ၌ ၂၀၂၂ ခုနှစ် ဇွန် ၈ ရက် မှ ၁၄ ရက်အထိ ကျင်းပမည့် ၂၀၂၃ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအပါအဝင် လက်ရွေးစင်ဘောလုံးအသင်းစုစုပေါင်း ၂၄သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး...
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသုံးဗလာစာအုပ်များ အပါအဝင် သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ ဇွန် ၇ ရက်ထုတ် နေ့စဉ်သတင်းစာများတွင် ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂,၅၀၀ ကျော်ထွက်ရှိပြီး အမှိုက်လျှော့ချရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဦးတိုးအောင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၇ ရက်တွင် ပြောသည်။
ကိုလံဘို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းကြားထဲတွင် တိရစ္ဆာန်ရုံများရှိ တိရစ္ဆာန်များအား နေ့စဉ်အစားအစာများ ထောက်ပံ့ပေးရန် ရန်ပုံငွေကုန်ဆုံးသွားကြောင်း တောရိုင်းတိရစ္ဆာန်ဝန်ကြီးဌာနအား သတ္တဗေဒဌာနက အကြောင်းကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ ဦးတည်ပျံသန်းသော ၎င်း၏ လေယာဉ်ခရီးစဉ် ဟန့်တားပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ဆားဗီးယားပတ်ပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများ၏ “ မထင်မှတ်ထားသော ဆုံးဖြတ်ချက်များ” အပေါ် ဇွန် ၆ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။
ရန်ကုန်၊ ဇွန် (၆) ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ဦးရေသည် ၂၆ ဒသမ ၈ သန်း ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်မှူးများသည် ပတ်ဝန်းကျင်စမ်းသပ်မှုများ ပြီးစီးကာ တံခါးပေါက်အား အောင်မြင်စွာ ဖွင့်လှစ်ပြီးနောက် Tianzhou-4 ကုန်တင်အာကာသယာဉ် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။ (Xinhua) ———————- (English Version) Shenzhou-14 astronauts enter...
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်ဆိုပါက ရုရှားနိုင်ငံသည် သင့်လျော်သောဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ပြီး ပစ်မှတ်အသစ်များကို ပစ်ခတ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဇွန် ၅ ရက် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။