ကျိုချွမ်၊ မေ ၃၀ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် Shenzhou-14နှင့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံ Long March-2Fအတွဲကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဆူဖာ၊ မေ ၂၉ ရက် (ဆင်ဟွာ) ယခုကာလများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် နိုင်ငံတကာ စည်းမျဉ်းအပေါ် “အဆိုးဝါးဆုံး ရေရှည်စိန်ခေါ်မှု” ဖြစ်ပေါ်စေသည့်အတွက် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး မဟာမိတ်များအား စည်းရုံးကာ တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ၎င်းမှာ နိုင်ငံတကာအခြေအနေနှင့်...
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း၊ ကာကွယ်ဆေးထိုးအပ် ၁၃ သန်းနှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးတို့ ပါဝင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို...
ဂျကာတာ ၊ မေ ၂၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း တောင်ဆူလာဝေဆီ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်အတွင်း လူ ၄၂ ဦး လိုက်ပါလာသည့် သင်္ဘောတစ်စင်း နစ်မြှုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၂၅ ဦးအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်ပြုလုပ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက မေ ၂၈ ရက်တွင်...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းသည် ဒိန်းမတ်မှ သင်္ဘော ဖျက်ဒုံးကျည်နှင့် အမေရိကန်မှ Self-Propelled Howitzer များ စတင်လက်ခံနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
မော်စကို ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရုရှားဖရီးဂိတ်စစ်သင်္ဘော Gorshkov သည် ဘာရန်းစ်ပင်လယ်ပြင်(Barents) မှနေ၍ မေ ၂၈ ရက်တွင် အသံထက်မြန်သော (Tsirkon) ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံနှင့် အခြားနိုင်ငံများက BRICS သို့ ပါဝင်ရန် ဆန္ဒရှိကြောင်း သတင်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် ယခုနှစ်၏ BRICS ဥက္ကဋ္ဌနိုင်ငံဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့မှုအစီအစဉ်နှင့် BRICS+ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းကို ထောက်ခံကြောင်း၊ BRICS...
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစတင် ဖိတ်ခေါ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။ “မော်လမြိုင်မြို့ရဲ့ အနီး မုဒုံမှာတည်ဆောက်ဖို့ စိစစ်ဆောင်ရွက်ထားတယ်၊ လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုတွေအတွက်တော့ ပုဂ္ဂလိကကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါခေါ်ဆောင်ရွက်နေတယ်၊...