ဒမတ်စကပ်စ် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်အနီးတစ်ဝိုက်ဒေသကို အစ္စရေးက ဧပြီ ၂၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆီးရီးယားစစ်သား ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဆီးရီးယားစစ်တပ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဧပြီ ၂၇ ရက်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အစီအစဉ် အောက်မှ ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်အကျုံးဝင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဧပြီလ ၂၆ ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။...
မော်စကို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုကို ပြင်ပမှ စွက်ဖက်ရန် ကြိုးပမ်းပြီး ရုရှားအတွက် လက်မခံနိုင်စရာ မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။...
ချုံချင့်၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၇ ရှိ ဆိပ်ကမ်း ၃၁၅ ခုအထိ တိုးချဲ့နိုင်ခဲ့ကြောင်း ဧပြီ ၂၇ ရက်က ချုံချင့်မြို့အစိုးရ ဂိတ်နှင့်သယ်ယူပို့ဆောင်ရေးရုံးမှ မိတ်ဆက်ပြောကြားခဲ့သည်။
ကိုလံဘို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က လွှတ်တော်တွင် ကိုယ်စားပြုထားသော နိုင်ငံရေးပါတီများဖြင့် ပါတီအားလုံးပါဝင်သောအစိုးရတစ်ရပ် ဖွဲ့စည်းရန် အခြေခံအရဆန္ဒရှိကြောင်း အစိုးရနှင့် ပေါင်းစည်းထားသည့် နိုင်ငံရေးပါတီခေါင်းဆောင်များအား ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
မနီလာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)က လာမည့်လတွင် ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့အကြား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အား ငြင်းဆိုခဲ့ကြောင်း သိရသည်။
Luxor(အီဂျစ်)၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ရှန်ဟိုင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သုတေသနရေခဲခွဲသင်္ဘော Xuelong သို့မဟုတ် နှင်းနဂါးသည် ရှန်ဟိုင်းမြို့သို့ ဧပြီ ၂၆ ရက်က ပြန်ရောက်လာပြီဖြစ်ပြီး ၃၈ ကြိမ်မြောက် အန္တာတိကဒေသ စူးစမ်းလေ့လာရေးခရီးစဉ် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဂျီနီဗာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း ထုတ်ပြန်နေသည့် COVID-19 ရောဂါဖြစ်ပွားမှု နှင့် သေဆုံးမှုများသည် ဆက်လက်ကျဆင်းနေသော်လည်း အဓိကအားဖြင့် စမ်းသပ်စစ်ဆေးမှုနှုန်း ကျဆင်းခြင်းကြောင့် ဖြစ်ပြီး ကပ်ရောဂါသည် မပြီးဆုံးသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က ဧပြီ ၂၆ ရက်တွင် သတိပေးခဲ့သည်။
မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ (UN) အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယူကရိန်းနိုင်ငံ အရေးဆွေးနွေးရန် ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။