Connect with us

Culture

တရုတ်ရိုးရာ လမုန့်ပွဲတော်အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ် မြန်မာပလာဇာတွင် ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာ လမုန့်ပွဲတော်အထိမ်းအမှတ်အဖြစ် CNPC ကုမ္ပဏီမှပြုလုပ်သော ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်ကို မြန်မာပလာဇာတွင် စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါ အစီအစဉ်တွင် လမုန့်ပွဲတော်အကြောင်း ဗဟုသုတပြောကြားခြင်း၊ ပရိသတ်များအား လမုန့်ပွဲတော်နှင့်သက်ဆိုင်သော မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဆုလက်ဆောင်များပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်ကို အွန်လိုင်း (online) ရော အော့ဖ်လိုင်း (offline) ဖြင့်ပါ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117