မော်စကို ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဗိုလ်ကျစိုးမိုးရန် အားထုတ်ကြံရွယ်ခြင်းမဟုတ်ကြောင်း ၊ သို့သော် ပြောင်းလဲနေသည့်ကမ္ဘာကြီးတွင် တိုးတက်ဖြစ်ထွန်းမှုလမ်းကြောင်းအား ဆုပ်ကိုင်ခြင်းကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ဗြိတိန်စာရေးဆရာ နှင့် လေ့လာသုံးသပ်သူ Tom Fowdy က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏...
လန်ဒန်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး မိတ်ဆုံစားပွဲ တက်ရောက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၁၂ ရက် တွင် ဝန်ခံ တောင်းပန်ခဲ့သည်။ ဗြိတိန် အတိုက်အခံပါတီနှင့် အချို့ လူထုက ဂျွန်ဆင်ရာထူးမှ နုတ်ထွက်သင့်ကြောင်း...
ကိပ်တောင်း ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပါလီမန်လွှတ်တော်အဆောက်အဦအား ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းပျက်စီးစေခဲ့သည့် မီးရှို့မှုသံသယတရားခံ ကိပ်တောင်းမြို့သားတစ်ဦးကို “ အကြမ်းဖက်မှုဥပဒေ”ဖြင့် တောင်အာဖရိကအစိုးရရှေ့နေရုံးက ဇန်နဝါရီ ၁၂ ရက်တွင် ထပ်မံတရားစွဲဆိုလိုက်ကြောင်း သိရသည်။ အသက် ၄၉ နှစ်အရွယ် Zandile Christmas ဆိုသူကို ပိုင်နက်ကျူးလွန်ကာ...
မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး၌ ဇန်နဝါရီ ၁၂ ရက်တွင် အသေခံ ကားဗုံးပေါက်ကွဲမှု တစ်ခုအတွင်း စစ်သား ၅ ဦး အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အစီအစဉ်တစ်ရပ်အား ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးတွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း...
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Feng Biao နှင့် ဆီးရီးယား စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Fadi Khalil တို့သည် နှစ်နိုင်ငံအစိုးရကိုယ်စားအဖြစ် ဒမတ်စကတ်မြို့၌ ဇန်နဝါရီ ၁၂ ရက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ...
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) အပါအဝင် ထပ်မံပေါ်ထွက်လာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ဆက်လက်ကာကွယ်ရန် ပံ့ပိုးမည်ဆိုပါက လက်ရှိ COVID-19 ကာကွယ်ဆေးများအား အဆင့်မြှင့်တင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏ အရှိန်ကြောင့်လည်းကောင်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရေခိုး၊ ရေငွေ့ပါသည့်လေများ တိုက်ခတ်လာ ခြင်းတို့ကြောင့် လည်းကောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသရှိ ပြည်သူများအနေဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးကို နားလည်သဘောပေါက်ရေးအတွက် အတူတကွရှေ့ဆက်ဆောင်ရွက်သွားသင့်ကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။