Connect with us

Myanmar

မြန်မာနိုင်ငံ ပဲခူးမြို့ရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ရှားပါး ဆင်အမြွှာပူး မွေးဖွား

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ Wingabaw ဆင်စခန်းတွင် မိခင် ဆင်မကြီးနှင့် အတူ ဆင်အမြွှာပူး ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးမြို့နယ် ဘုရားကြီးအနီး ဝင်္ဂဘော် ဆင်စခန်းတွင် ဆင်အထီး တစ်ကောင် နှင့် ဆင်အမတစ်ကောင် အမြွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းရှိ အသက် ၂၁ နှစ်အရွယ် ဆင်မကြီး ပုလဲစန္ဒာက ဆင်အမြွှာပူးကို
ဩဂုတ်လ ၂၆ ရက် နံနက် ၃ နာရီ ၃၈ မိနစ်တွင် မွေးဖွားခဲ့ကြောင်း၊ ဆင်မလေးကို အရင်မွေးဖွားပြီး ၄ မိနစ်အကြာ ဆင်ထီးလေးကို ဆက်လက်မွေးဖွားခဲ့ကြောင်း ဝင်္ဂဘော် ဆင်စခန်းမှ တိရစ္ဆာန်ကုဆရာဝန် ဒေါက်တာ မျိုးမင်းအောင်က ဆင်ဟွာသို့ပြောသည်။

ယင်း အမြွှာဆင်များသည် မွေးဖွားပြီးချင်း တစ်ရက်၊ နှစ်ရက်အတွင်း ၎င်းတို့၏မိခင်နို့ရည်ကို မသောက်နိုင်သောကြောင့် နို့ဘူးများဖြင့် နို့တိုက်ကျွေးခဲ့ရကြောင်း၊ သုံးရက်မြောက်နေ့၌ အမြွှာများသည် မိခင်နို့ကို စတင်သောက်နိုင်သည့်အတွက် ၎င်းတို့အတွက် ပိုမိုအာဟာရရှိစေကြောင်း ဆရာဝန်ကဆိုသည်။

ဆင်စခန်းရှိ တာဝန်ရှိသူများသည် ဆင်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သန့်ရှင်းသော ပတ်ဝန်းကျင်ရှိစေရန်နှင့် ကျန်းမာသော နို့ထွက်ရှိမှုကို အားပေးရန်အတွက် သင့်လျော်သော အာဟာရများ ပံ့ပိုးပေးထားကြောင်း ဒေါက်တာမျိုးမင်းအောင်က ဆက်လက် ပြောကြားသည်။

ဆင်အမြွှာမွေးခြင်းသည် မြန်မာနိုင်ငံတွင် ရှားပါးဖြစ်ရပ်တစ်ခုဖြစ်ပြီး ယင်းသည် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း ၁၂ ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်ဖြစ်ပွားမှုအများစုသည် တောထဲတွင် ဖြစ်ပွါးခြင်းဖြစ်ရာ သတိမပြုမိခဲ့ကြကြောင်း၊ သို့သော်လည်း ဆင်စခန်းတွင် မွေးဖွားသည့် ဆင်အမြွှာများနှင့်အတူ ၎င်းတို့သည် အာရုံစိုက်မှု အများအပြား ရရှိခဲ့ကြောင်း ဒေါက်တာမျိုးမင်းအောင်က ပြောသည်။

လက်ရှိတွင် ဝင်္ဂဘော်ဆင်စခန်းတွင် ဆင်အမြွှာအသစ် အပါအဝင် ဆင်ကိုးကောင်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ Wingabaw ဆင်စခန်းတွင် မိခင် ဆင်မကြီးနှင့် အတူ ဆင်အမြွှာပူး ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ Wingabaw ဆင်စခန်းတွင် မိခင် ဆင်မကြီးနှင့် အတူ ဆင်အမြွှာပူး ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ Wingabaw ဆင်စခန်းတွင် မိခင် ဆင်မကြီးနှင့် အတူ ဆင်အမြွှာပူး ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117