ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည် ဇန်နဝါရီလက တင်ပို့မှုပမာဏသည် ကပ်ရောဂါမတိုင်မီအဆင့်နီးပါးအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သက်ဆိုင်သည့် အဖွဲ့များအနေဖြင့် ယူကရိန်းအရေးကိစ္စအား နိုင်ငံရေးအရ ပြေငြိမ်းရေး ယေဘုယျဦးတည်ချက်အား လိုက်နာသင့်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
ဘေရွတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ပထမဆုံးအကြိမ်အဖြစ်လူမြင်ကွင်းထွက်၍ ရုပ်သံမှတဆင့်မိန့်ခွန်းပြောကြားရာတွင် ၎င်း၏ တပ်ဖွဲ့အနေဖြင့် ထောင်ပေါင်းများစွာသော ဒုံးပျံများကို တိကျမှန်ကန်သော ဒုံးကျည်ထိပ်ဖူးများအဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိကြောင်း နှင့် လက်ဘနွန်နိုင်ငံအတွင်း ဒရုန်းများ(မောင်းသူမဲ့လေယာဉ်ငယ်များ) ကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) သက်ဆိုင်ရာက သတင်းအချက်အလက်အတုအယောင်များဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ ပို၍ လုပ်ဆောင်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေးမြန်မှုအပေါ် ထည့်သွင်း ပြောကြားခဲ့သည်။
Ouagadougou ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နယ်စပ်ဖြတ်ကျော် e-commerce က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေးအပေါ် ဆိုးဝါးစွာ သက်ရောက်မှုအား ဆန့်ကျင်လျက် တရုတ်နိုင်ငံကို အရှိန်အဟုန်ပြန်လည်ရရှိစေခဲ့ပြီး မကြာသေးမီက နယ်စပ်ဖြတ်ကျော် e-commerce ဘက်စုံရှေ့ပြေးဇုန်များကို ပိုမိုခွင့်ပြုခဲ့ခြင်းကလည်း ၎င်းရေစီးကြောင်းအား အရှိန်မြှင့်တင်ပေးနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ အစိုးရက စာသင်ကျောင်းများ ဘေးကင်းစွာ ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်များအတွက် COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လတွင် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဖေဖော်ဝါရီ ၁၆ ရက်တွင်...
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) က မ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ-ယူ၂၃ ဘောလုံးအသင်းသည် COVID-19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) က မ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ-ယူ၂၃ ဘောလုံးအသင်းသည် COVID-19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ရုရှားအနေဖြင့် သံတမန်ရေးနည်းလမ်းဖြင့် အနောက်နိုင်ငံများနှင့် လုံခြုံရေးအာမခံမှုဆိုင်ရာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။