Connect with us

Myanmar

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ၂၀၂၃ ခုနှစ်က မီးရှို့ဖျက်ဆီးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်ဖိုးအား ယနေ့ (ဇွန် ၂၆ ရက်) တွင် ကျရောက်သော (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ၂၀၂၃ ခုနှစ်က မီးရှို့ဖျက်ဆီးနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဆိုပါ သုံးနေရာတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်စျေးသည် မြန်မာကျပ်ငွေ စုစုပေါင်း ၁,၁၆၃ ဒသမ ၆၄၈၀ ဘီလီယံဖြစ်ပြီး အမေရိကန် ဒေါ်လာတန်ဖိုးအနေဖြင့် ၃၄၉ ဒသမ ၄၄၃ သန်း ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်စျေးသည် မြန်မာကျပ်ငွေ ၂၈၉ ဒသမ ၃၄၅၂၈ ဘီလီယံ ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအနေဖြင့် ဒေါ်လာ ၈၆ ဒသမ ၈၉၀ သန်း၊ မန္တလေးတိုင်းဒေသကြီး မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်စျေးသည် မြန်မာကျပ်ငွေ ၄၁၈ ဒသမ ၀၄၉၄ ဘီလီယံ ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအနေဖြင့် ၁၂၅ ဒသမ ၅၄၀ သန်း နှင့် တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်စျေးသည် မြန်မာကျပ်ငွေ ၄၅၆ ဒသမ ၂၅၃၃၄ ဘီလီယံ ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအနေဖြင့် ၁၃၇ ဒသမ ၀၁၃ သန်းရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117