ပေကျင်း ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး နှင့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ရန် ယွမ် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ၄၃ သန်းခန့်) လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အိုလံပစ်ကျေးရွာတွင် နေထိုင်သည့် နောက်ထပ် အားကစားသမားနှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ ထပ်တိုး ကိုဗစ်အတည်ပြုလူနာအသစ် ၇၁ ဦး ရှိရာ ၎င်းအနက် ပြည်ပကူးစက် ၄၀ ဦး (ယူနန် ၁၉ ဦး၊ ကွမ်တုန်း...
ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) သဘာဝနေရာ ၄ ခုနှင့် ယဉ်ကျေးမှုနေရာ ၃ ခုအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဇူလိုင် ၂၆ ရက်က ထည့်သွင်းလိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံရှိ အမေရိကန်နိုင်ငံ တပ်ဖွဲ့ဝင်များအနေဖြင့် အီရတ် တပ်ဖွဲ့ဝင်များအား ကူညီ လေ့ကျင့်မှုများ ဆက်လက်ဆောင်ရွက်နေစဉ် ယခုနှစ်ကုန်ပိုင်းတွင် စစ်ဆင်ရေးမစ်ရှင်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်မှစ၍ COVID-19 ရောဂါကူးစက်ခံရသူ ပေါင်း၂၉၆,၅၁၆ ဦး ရှိပြီး ယင်းကာလအတွင်း Quarantine စဉ်းမျဉ်း ဥပဒေ ချိုးဖောက်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလမှ ယခုနှစ်ဇူလိုင် ၂၆ ရက်အထိ လူပေါင်း ၅၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း...
ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) MiG လေယာဉ်ကုမ္ပဏီက ပဥ္စမမြောက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်အား စတင်တီထွင်နေပြီဖြစ်ရာ နှစ်အနည်းငယ်အတွင်း ရှေ့ပြေးပုံစံ တည်ဆောက်ရန် စီစဉ်ထားကြောင်း Sputnik သတင်းအေဂျင်စီက ရုရှားစစ်ဘက်ဆိုင်ရာ စက်မှုအဖွဲ့(MIC)၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဇူလိုင် ၂၆ ရက်တွင် ဖော်ပြထားသည်။
ဆိုးလ် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ(DPRK)တို့သည် တစ်နှစ်ကျော်ကြာ ပြတ်တောက်ခဲ့ရသည့် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော်ဆက်သွယ်ရေးလိုင်းများအား ပြန်လည်ထူထောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်ပြာတော်က ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
တူးနစ် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ တူးနစ်မြို့ရှိ အစိုးရရုံးများဆီသို့ ချီတက်လာသော ဆန္ဒပြသူများကို ဟန့်တားပိတ်ဆို့ရန် နှင့် အစိုးရလုပ်ငန်းခွင်များသို့ သွားရောက်ကြမည့် ရုံးဝန်ထမ်းများအား အကာအကွယ်ပေးရန်အတွက် တူနီးရှားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ နှင့် စစ်တပ်က ယင်းနေရာများတွင် တင်းတင်းကြပ်ကြပ်ဖြင့် တပ်စွဲထားကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တိုင်ဖွန်းမုန်တိုင်း In-Fa ဒဏ်သင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် ကျဲ့ကျန်းပြည်နယ်၌ ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အဆင့်လေး( IV) အရေးပေါ်တုံ့ပြန်မှုများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။