လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဆောပိုလို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) ၏ ကျန်းမာရေး အခြေအနေမှာ ကျေနပ်ဖွယ်ရာ အဆင့်သို့ရောက်ရှိလာကြောင်း၊ သို့သော် ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် ကုသမှုအား ဆေးရုံ၌ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် ဆေးဘက်ဆိုင်ရာ...
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ ဇူလိုင် ၁၄ ရက်ညတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် လူ ၃၀ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဂျိုဟန်နက်စဘတ်မြို့ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် ယနေ့အထိ သေဆုံးသူ (၇၂)ဦး၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ (၁,၂၃၄)ဦး ရှိကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်ညပိုင်းတွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ပြည်ပမှ အားကစားသမားတစ်ဦးသည် အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာပြီးနောက် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။