Connect with us

Politics, Law & Military

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

မြန်မာ့ ပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိသော သူများနှင့် မူးယစ်ဆေးဝါးများ တွေ့ရစဉ်(ဓာတ်ပုံ-CCDAC MYANMAR )

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARမှ ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ပင်လယ်ပြင်အတွင်း မင်းထက်သာ-၃ အမည်ရှိ စက်လှေအား သတင်းအရရှာဖွေရာစက်လှေပေါ်ပါ အမျိုးသား ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ၊၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.