ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အလုပ်သဘောအလည်အပတ်ခရီးစဉ် လာရောက်သည့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith...
ရာဖာ၊အီဂျစ်၊အောက်တိုဘာ၂၁ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သည်ပိတ်ဆို့ခံထားရသောပါလက်စတိုင်းနယ်မြေအတွင်းလိုအပ်နေသောအကူအညီပစ္စည်းများပို့ဆောင်နိုင်ရန်နယ်စပ်ဖြတ်ကျော်လမ်းဖွင့်လှစ်ပေးရေးမျှော်လင့်လျက်ဂါဇာနှင့်ထိစပ်နေသောရာဖာနယ်စပ်ဖြတ်ကျော်လမ်းအီဂျစ်နိုင်ငံဘက်ခြမ်းသို့အောက်တိုဘာ၂၀ရက်ကသွားရောက်လေ့လာခဲ့ကြောင်းသိရသည်။ အီဂျစ်နိုင်ငံနှင့်ဂါဇာကမ်းမြောင်ဒေသကြားတစ်ခုတည်းသောဖြတ်ကျော်စခန်းဖြစ်သည့်ရာဖာနယ်စပ်ဖြတ်ကျော်လမ်းနေရာတွင်အစားအစာနှင့်ဆေးဝါးများတင်ဆောင်ထားသောမော်တော်ယာဉ်တန်းကြီးသည် “(ပါလက်စတိုင်း) ပြည်သူတွေအတွက်အသက်ရှင်ခြင်းနှင့်သေဆုံးခြင်းကြားကပြောင်းလဲမှုပါပဲ”ဟုဂူတာရက်စ်ကပြောခဲ့သည်။ “ဒီထရပ်ကားတွေဖြစ်နိုင်သမျှအမြန်ဆုံးဝင်ရောက်နိုင်ဖို့လုံးဝလိုအပ်နေပါတယ်။ဂါဇာပြည်သူတွေအတွက်လုံလောက်တဲ့ပံ့ပိုးမှုတွေပေးဖို့နေ့စဉ်ဂါဇာဒေသထဲဝင်ရောက်ဖို့လိုအပ်ပါတယ်”ဟုကုလသမဂ္ဂအကြီးအကဲကဖြည့်စွက်ပြောခဲ့သည်။ ဂူတာရက်စ်သည်သတင်းစာရှင်းလင်းပွဲမတိုင်မီဂါဇာဒေသသို့ဝင်ရောက်ရန်ရာဖာနယ်စပ်ဖြတ်ကျော်လမ်း၌ရက်ပေါင်းများစွာစောင့်ဆိုင်းနေသည့်အကူအညီပေးရေးယာဉ်တန်းကိုစစ်ဆေးခဲ့သည်။ လူသားချင်းစာနာမှုအကူအညီ ၊ဆေးဝါးအကူအညီအစားအစာနှင့်စောင်များတင်ဆောင်ထားသောထရပ်ကား၁၇၅စီးသည်အစ္စရေးဘက်မှတားမြစ်ထားခြင်းကြောင့်ဂါဇာအတွင်းဝင်ရောက်ရန်နယ်စပ်ဖြတ်ကျော်လမ်းအနီးတန်းစီ၍စောင့်ဆိုင်းနေကြကြောင်းသိရသည်။ (Xinhua) ……………………………… (English Version) UN chief visits Rafah crossing as aid convoy waits to enter Gaza...
ဂါဇာ/ဂျေရုဆလမ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) စစ်တပ်၊ Al-Qassam တပ်ဖွဲ့က ကာတာနိုင်ငံ၏ ကြိုးပမ်းပေးမှုများကို တုံ့ပြန်သောအားဖြင့်လည်းကောင်း၊ “လူသားချင်းစာနာထောက်ထားမှု” ကြောင့် လည်းကောင်း အမေရိကန် ဓားစာခံနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှမန်လေကြောင်းလိုင်းက ပေကျင်းမြို့နှင့် ကာတာနိုင်ငံ မြို့တော် ဒိုဟာကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်လိုက်ရာ တရုတ်-ကာတာ လမ်းကြောင်း၌ ပထမဆုံးပြေးဆွဲသော လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ပေကျင်း-ဒိုဟာ လမ်းကြောင်းတွင် B787 လေယာဉ်ဖြင့် ပေကျင်း တာ့ရှင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဆယ်ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့ပြီး အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီကျော် အချိန်အထိ ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဝိုင်းမော်မြို့နယ်ရှိ...
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ပဋိပက္ခအတွင်း ဗြိတိန်အနေဖြင့် အစ္စရေးကို ထောက်ခံကြောင်း အစ္စရေးနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က အောက်တိုဘာ ၁၉ ရက်တွင် ကတိပြုခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် ဆူနက်ခ်က...
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်ကိုအောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ၄ ရက်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၂၀...
ဆိုးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် မြောက်ကိုရီးယားသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ အောက်တိုဘာ ၁၉ ရက်တွင် ပြုံယမ်းမြို့၌ တွေ့ဆုံခဲ့ကြောင်း Korean Central News Agency (KCNA) က အောက်တိုဘာ...
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁.၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ အောက်တိုဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ...
ရာမာလာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) West Bank ဒေသရှိ Tulkarm မြို့ အရှေ့ဘက် ဒုက္ခသည်စခန်းတစ်ခုတွင် အောက်တိုဘာ ၁၉ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၁၂ ဦးနှင့် အစ္စရေးအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။...