ဂျေရုဆလမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အစ္စရေးက မြေပြင်စစ်ဆင်ရေးများ ပြုလုပ်နိုင်မည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ကမ်းရိုးတန်းဒေသ တောင်ပိုင်းဧရိယာသို့ ရွှေ့ပြောင်းကြရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အောက်တိုဘာ ၁၃ ရက်၌ ညွှန်ကြားထားကြောင်း သိရသည်။ “အရပ်သားတွေအားလုံး ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိစေရေးအတွက် နေရာရွှေ့ပြောင်းကြဖို့ IDF အနေနဲ့တိုက်တွန်းပါတယ်”...
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းပိတ်ခဲ့ရပြီးနောက် ၂၀၁ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။ ရေများစွာမဝင်သည့် ကျောင်းတချို့မှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ရေများစွာဝင်ရောက်ခဲ့သည့် ကျောင်းများမှာမူ...
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ရိသည် ဘရာဇီးနိုင်ငံ သမ္မတ အကြံပေး အကြီးအကဲ Celso Luiz Nunes Amorim နှင့် အောက်တိုဘာ ၁၂ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ရာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍...
နန်ချန်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှုကို ပိုမိုကောင်းမွန်စွာ ပံ့ပိုး ဆောင်ရွက်နိုင်ရန် ယန်ဇီမြစ် စီးပွားရေးလမ်းကြောင်း အရည်အသွေးမြင့် တိုးတက်မှု ထပ်မံမြှင့်တင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများနှင့် မီးစေတီ ၄ ဆူလှည့်လည်ခြင်းနှင့် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲကို ပြုလုပ်မည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ လုပ်ငန်းဌာနတာဝန်ခံ ဦးဘိုးသင်းက ဆင်ဟွာသို့ ယနေ့...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းကို အောက်တိုဘာလ ၁၁ ရက်တွင် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အောက်တိုဘာ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါသင်တန်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှပညာရှင်များက “စိုက်ပျိုးရေးသိပ္ပံနည်းပညာ” နှင့်...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ၆ လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅.၉၈ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်ကုန်သွယ်မှုမှရရှိသည့်...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပဲနှင့် ပဲမျိုးစုံ ၈၆၃,၃၆၆ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၁၅.၀၁၁ သန်း ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ် ဧပြီ...
ကန်ဘာရာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အစိုးရက အစ္စရေးနိုင်ငံတွင် သောင်တင်နေသော ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေး လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဩစတြေးလျနိုင်ငံပိုင် Qantas လေကြောင်းလိုင်းအနေဖြင့် အဆိုပါဒေသရှိ ၎င်းတို့နိုင်ငံသားများကို တဲလ်အဗီးမြို့မှ လန်ဒန်သို့ လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောသီတင်းပတ်ကုန်တွင် ဟားမက်စ်များက အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာများကို တန်ပြန်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပွားလာသော ကြောက်မက်ဖွယ် ပဋိပက္ခများကို ကြီးကြပ်ကွပ်ကဲရန် အစ္စရေးနိုင်ငံက ညီညွတ်ရေးအစိုးရတစ်ရပ်နှင့် စစ်ပွဲကာလအစိုးရအဖွဲ့တစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ...