Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းအနက် ၂၀၁ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းပိတ်ခဲ့ရပြီးနောက် ၂၀၁ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

ရေများစွာမဝင်သည့် ကျောင်းတချို့မှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ရေများစွာဝင်ရောက်ခဲ့သည့် ကျောင်းများမှာမူ ရေကျသည့်အချိန်တွင် တင်ကျန်ခဲ့သည့် အမှိုက်များကို ရှင်းလင်းလျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီနေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- သာမဏေကျော်လူမှုကူညီရေးအသင်း)

သာမဏေကျော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဦးလေးလေးသန်းအောင်က “ရေကျသွားတဲ့ စာသင်ကျောင်းတချို့လည်း အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့တွေ၊ ရပ်ကွက်ထဲက လုပ်အားပေးတဲ့ သူတွေနဲ့ ပြန်လည်သန့်ရှင်းရေးအတွက် ရွှံ့တွေဆေးကြောတာ၊ တံမြက်စည်းလှည်းတာတွေ ဆောင်ရွက်နေပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

ပဲခူးမြစ်ရေသည် အောက်တိုဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန်တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခန့် (၅၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်ခဲ့သည်။

“လက်ရှိမှာတော့ ရပ်ကွက်ကြီးတွေဖြစ်တဲ့ ကျောက်ကြီးစုရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်၊ ဇိုင်းတောင်ရပ်ကွက် ထဲက ဖောင်တော်ဦးပိုင်းကရေကြီးနေတုန်းပါပဲ” ဟု ဦးလေးလေးသန်းအောင်ကပြောသည်။

ရေပြန်ကျသွားသည့် ရပ်ကွက်များတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “ရေကတော့ စိုးရိမ်ရေမှတ်အောက်ကိုတော့ ပြန်မရောက်သေးဘူး။ တချို့ရပ်ကွက်တွေ ရေတွေကတော့ ပြန်ကျကုန်ပါပြီ။ ရေဘေးကယ်ဆယ်ရေး စခန်း ၂၀ လောက်ပိတ်လိုက်ပါပြီ။ ရေဘေးကယ်ဆယ်ရေး စခန်း ၂၀ ကျော်လောက်တော့ ဆက်လက်ဖွင့်လှစ်ထားနေဆဲပါပဲ။ လူဦးရေက ပျမ်းမျှ ၂၂,၀၀၀ လောက်က ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ကျန်နေပါသေးတယ်။ ပဲခူးရေကြီးမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟုပြောသည်။ (Xinhua)