မွန်ဘိုင်း ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆေးဝါး ကုမ္ပဏီ ဖြစ်သည့် Natco Pharma မှ ထုတ်လုပ်သော Baricitinib ဆေးပြားများကို COVID-19 လူနာများကုသရာ၌ အသုံးပြုရန်အတွက် ဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကုမ္ပဏီက မေ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘာလင်၊မေ ၄ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ နှစ်စဉ် လက်ခံကျင်းပမြဲဖြစ်သည့် ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်ကြီးဖြစ်သော Oktoberfest ဘီယာပွဲတော်ကို COVID-19 ကပ်ရောဂါကြောင့် နှစ်နှစ်ဆက်တိုက် ပယ်ဖျက်လိုက်ရကြောင်း ဘာဗေးရီးယားပြည်နယ် (Bavaria) ဝန်ကြီးချုပ် Markus Soeder နှင့် မြူးနစ်မြို့တော်ဝန် Dieter Reiter က မေ ၃...
နယူးဒေလီ၊ မေ ၄ ရက်(ဆင်ဟွာ) လက်ရှိ အိန္ဒိယနိုင်ငံတွင် ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုများကို ဖြေလျှော့ရန်အတွက် အောက်စီဂျင် ထုတ်လုပ်ပံ့ပိုးမှုများ ထပ်တိုးဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေ ၂ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
ဦလန်ဘာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူဦးရေမှာ မေ ၃ ရက် နေ့လည်ပိုင်းတွင် ၁ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ အစိုးရသတင်းထုတ်ပြန်ရေးရုံးမှ သိရသည်။
ဂျကာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမျိုးစိတ်သစ် နှစ်မျိုး ကူးစက်ခံထားရသော လူနာသစ် ၃ ဦး စစ်ဆေးတွေ့ရှိကြောင်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။
မနီလာ၊မေ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေ ၃ ရက် ညပိုင်းတွင် တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Harry Roque က ဆိုသည်။
ဆန်ဖရန်စစ္စကို ၊ မေ ၄ ရက်(ဆင်ဟွာ) အိမ်ထောင်သက် ၂၇ နှစ် ကြာပြီးနောက် ၎င်းတို့၏ အိမ်ထောင်ရေး ကွဲရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း (Microsoft) မိုက်ခရိုဆော့သူဌေးကြီး ဘီလ်ဂိတ် နှင့် မယ်လင်ဒါတို့ ဇနီးမောင်နှံနှစ်ဦးက မေ ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ မေ ၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ မေ ၃ ရက်တွင် COVID-19 လူနာသစ် ၂,၀၄၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၀,၀၀၀ ဦးကျော်ထိ ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၃၁ ဦးနှင့်အတူ...
ကဘူးလ် ၊ မေ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် နေတိုးတပ်ဖွဲ့ဝင်များသည် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင်စတင်ထွက်ခွာကြမည်ဖြစ်ရာ အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံမှ အလုံးစုံ ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။
ပေကျင်း ၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မေ ၁ ရက်အထိ ပြည်သူ ၁၄ ဒသမ ၅၅ သန်းကျော်သည် ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ပေကျင်းမြူနီစပယ် ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။